အစ္စရေးတောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုအတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့က အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခဲ့ကြောင်း အမေရိကန်သမ္မတပြော
Pika (NSS) - ဒီဇင်ဘာ ၆
ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာလ(၇)ရက်က လုပ်ဆောင်ခဲ့သော အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုအတွင်း အမျိုးသမီးများကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ကာ ၎င်းတို့၏ ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ပစ်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာလ(၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဘော်စတွန်မြို့တွင် ကျင်းပသော နိုင်ငံရေးရန်ပုံငွေပွဲတစ်ခုအတွင်း ဂျိုးဘိုင်ဒန်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန်က "အမျိုးသမီးတွေကို အကြိမ်ကြိမ်အဓမ္မပြုကျင့်တာတွေ၊ အသက်ရှင်လျက်နဲ့ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခံရတာတွေ၊ အမျိုးသမီးတွေရဲ့ရုပ်အလောင်းတွေကို ဝတ်လစ်စားလစ်ထားတာ မျိုးတွေ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို နာကျင်အောင်လုပ်ပြီး သတ်ပစ်ခဲ့တာတွေဟာ တကယ်ကို တုန်လှုပ် စရာပါပဲ" ဟု ပြောခဲ့သည်။
ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ပြစ်တင်ရှုတ်ချရန် ဂျိုးဘိုင်ဒန်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် တိုက်ခိုက်မှုအပြီး ဖမ်းဆီးခံခဲ့ရသည့် လူရာချီထံမှ ဖြစ်နိုင်ခြေရှိသော လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အစ္စရေးတရားရေးဝန်ကြီးဌာနက "ဖမ်းဆီးခံခဲ့ရသူတွေဟာ ညှင်းပန်းနှိပ်စက်တာ၊ ကိုယ်ထိလက်ရောက်စော်ကား တာတွေ၊ အဓမ္မပြုကျင့်တာတွေ၊ အရှင်လတ်လတ်မီးရှို့တာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းဖြတ်တောက်တာတွေကို ခံခဲ့ရပါတယ်" ဟု ပြောခဲ့သည်။
ဟားလက်နက်ကိုင်အဖွဲ့က ၎င်း၏ အဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် ဝင်ရောက် စီးနင်းမှုများ အတွင်း အဓမ္မပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့သည်ဆိုသည့် ဂျိုးဘိုင်ဒန်၏ မှားယွင်းသော စွပ်စွဲပြောဆိုချက်များကို ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဂျိုးဘိုင်ဒန်သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်အတွက် အစ္စရေးနှင့်ပူးပေါင်းကာ လူထုအမြင်ကိုလွဲမှားစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဟားမက်အဖွဲ့က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပညာရေးဝန်ကြီးဌာနတွင် လစ်လပ်နေသော ရာထူးနေရာများအတွက် ဝန်ထမ်း (၁၅၀၀)ခေါ်ယူ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း