နမ့်ဖက်ကာကျေးရွာ၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာ၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၆ ရက်)၊ နံနက်ပိုင်းအချိန်တွင် နမ့်ဖက်ကာကျေးရွာရှိ မန်မောဝ်ကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“လက်နက်ကြီးပေါက်ကွဲတာပေါ့။ သူတို့နေတဲ့အိမ်နားလောက်မှာဖြစ်သွားတာပါ”ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့သို့ ပေါက်ကွဲမှုကြောင့် ဦးဆိုင်းနော် (၃၇)နှစ်နှင့် အသက် (၂)နှစ်ခွဲအရွယ်ရှိ မောင်ဆိုင်းစင်တို့ စုစုပေါင်း (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့ကို နမ့်ဖက်ကာတိုက်နယ်ဆေးရုံမှတစ်ဆင့် ကွတ်ခိုင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် ဘေးကင်းသောနေရာများမရှိတော့ကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ