အမေရိကန်က အရေးကြီးအကူအညီများကို ရပ်ဆိုင်းခဲ့လျှင် ယူကရိန်းအတွက် စစ်ရှုံးမည့်အန္တရာယ်ကြီးမားဟု ဆို
Htay Oung (NSS) - ဒီဇင်ဘာ ၆
လက်ရှိ ဝါရှင်တန်ကွန်ဂရက်လွှတ်တော်မှာ အချေအတင်ဆွေးနွေးနေတဲ့ ကိယက်ဗ်အတွက် အမေရိကန် အကူအညီ ကိစ္စကို ရွှေ့ဆိုင်းလိုက်ခြင်းဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရှုံးနိမ့်ဖို့အတွက် ယူကရိန်းအတွက် အန္တရာယ်ကြီး တစ်ခုကို ဖန်တီးနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလင်စကီးရဲ့ စစ်ဦးစီးချုပ်က အင်္ဂါနေ့မှာ ပြောဆိုတယ် လို့ Reuters က ယနေ့ရေးသားပါတယ်။
ရုရှားနဲ့အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေရချိန်မှာ ယူကရိန်းစစ်ပွဲ အရေးကြီး အထောက်အပံ့များ ပေးအပ်နေ တဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ အကူအညီပေးရေးအစီအစဉ်များ အနာဂတ်ဟာ မရေရာ မသေချာမှုများနဲ့ ဝေဝါးလာနေပါတယ်။ အဲဒီလိုအချိန်မှာ အန်ဒရေ ယာမတ်ရဲ့ပြောဆိုချက်ဟာ ယူကရိန်းအဆင့်မြင့် အရာရှိတစ်ဦးရဲ့ အရိုးသားဆုံး မှတ်ချက်အချို့ပဲ ဖြစ်လာပါတယ်။
အထောက်အပံ့ပေးရေးကိစ္စကို ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိယက်ဗ်အတွက် အရင်အခြေအနေ ပြန်ရောက်သွားနိုင်တဲ့အန္တရာယ်ကြီးတစ်ခုဖြစ်လာတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က အင်္ဂလိပ်ဘာသာနဲ့ ပြောပြပါ တယ်။ ဒီအတိုင်းသာဆိုရင် လွတ်မြောက်ရေးအတွက် အဆက်မပြတ်ကြိုးစားနိုင်ဖို့ အခက်တွေ့နိုင်ခြေ မြင့်မားလာ ပြီး စစ်ရှုံးလောက်တဲ့အန္တရာယ်ကြီးတစ်ခုဖြစ်လာစေတယ်လို့ ဆိုပါတယ်။
ရုရှားကို ရင်ဆိုင်တိုက်ခိုက်ဖို့ ယူကရိန်းစစ်ပွဲ အကူအညီပေးရေးကိစ္စဟာ အမေရိကန်အတွက် အချိန်ရော ငွေကြေးများပါ ကုန်ဆုံးသွားပါပြီလို့ အိမ်ဖြူတော်တာဝန်ရှိသူများက တနင်္လာနေ့မှာ ပြောပါတယ်။
ယူကရိန်း၊ အစ္စရေးနဲ့ အမေရိကန် နယ်စပ်လုံခြုံရေး ရည်မှန်းအစီအစဉ်များအတွက် ရန်ပုံငွေ ဒေါ်လာ ၁ဝ၆ ဘီလျံ နီးပါးကို ခွင့်ပြုချက်ရရှိဖို့ သမ္မတဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပေမယ့် အောက်လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ရီပတ်ဘလစ်ကင်များက အောက်တိုဘာလာမှာ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအထဲမှာ အရေးပါအရာရောက်တဲ့အစီအစဉ်တွေကိုတော့ အတည်ပြုနိုင်လိမ့်မယ်လို့ အမေရိကန် အရာရှိများအနေနဲ့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ တိုက်ရိုက်ဘတ်ဂျက်ထောက်ပံ့မှု မရှိတော့တဲ့ပြဿနာဟာ ခြိမ်းခြောက်ဖြစ်လာကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ဖော်ပြလိုက်ပါတယ်။ ယူကရိန်းအစိုးရအနေနဲ့ လာမယ့်နှစ် မှာ ဘတ်ဂျက်လိုငွေ ဒေါ်လာ ၄၃ ဘီလျံအထိ ရှိလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။
တိုက်ရိုက်ဘတ်ဂျက် ပံ့ပိုးမှုမရှိဘဲ စစ်မက်ဖြစ်ပွားနေတဲ့ လက်ရှိအနေအထားအတိုင်း ဆက်သွားမယ်ဆိုရင် ယူကရိန်းပြည်သူတွေ အမှန်တကယ်ရှင်သန်ဖို့ ခက်ခဲနိုင်ကြောင်း၊ အကူအညီပေးအပ်နိုင်ဖို့ ထောက်ခံမဲနဲ့ အမြန်ဆုံး ဆန္ဒမဲပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ယူကရိန်းစစ်ဦးစီးချုပ်ဟာ ရက်သတ္တပတ်များအတွင်း သူ့ရဲ့ဒုတိယအကြိမ်မြောက်အဖြစ် ဝါရှင်တန်မှာ ရောက်ရှိနေ ပါတယ်။ အကူအညီပေးရေးအစီအစဉ်သစ်ကို အတည်ပြုပေးနိုင်ဖို့နဲ့ အဓိကပစ္စည်းများရဲ့အရေးပါပုံကို လွှတ်တော် အမတ်များနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူများကို ရှင်းလင်းတင်ပြရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။
ယူကရိန်းဟာ ယခုနှစ်အတွင်း အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ကို ဆင်နွှဲခဲ့ပေမယ့် ရုရှားရဲ့ခံစစ်ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပါဘူး။ ယခုအခါ ရုရှားကတောင် အရှေ့ဘက်မှာ ထိုးစစ်ဆင်လာနေပါတယ်။
ကိယက်ဗ် စစ်ဦးစီးချုပ်ကတော့ လာမယ့်နှစ်အတွက် (တန်ပြန်ထိုးစစ်) အစီအစဉ်ရှိကြောင်း ပြောပါတယ်။ အမှန် တကယ်အစီအစဉ်ရှိနေကြောင်း အဲ့ဒီအစီအစဉ်မှာ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေ၊ သံတမန်ရေး လှုပ်ရှားမှုတွေ ပါဝင်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။
#အမေရိကန်၏အရေးကြီးအကူအညီများ #ယူကရိန်းစစ်ဦးစီးချုပ် #ယူကရိန်းတန်ပြန်ထိုးစစ်
(Reuters., 6 December 2023,” Ukraine sees 'big risk' of losing war if U.S. Congress postpones vital aid” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ကို မြန်မာနှင့်ရုရှားတို့ကြား လက်မှတ်ရေးထိုး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ