သုဝဏ္ဏနယ်မြေ ရဲစခန်းအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
Pearl (NSS) - ဒီဇင်ဘာ ၅
သုဝဏ္ဏနယ်မြေရဲစခန်းအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)၊ နံနက် (၇)နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၊ (၂၅)ရပ်ကွက်၊ သံသုမာလမ်းမပေါ်ရှိ သုဝဏ္ဏနယ်မြေရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရဲစခန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသော နေရာမှ PVC ပိုက်အပိုင်းအစ (၄)ခုတွေ့ရှိခဲ့ပြီး လက်လုပ် အသံဗုံးပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း သိရသည်။
"သုဝဏ္ဏရဲစခန်းမှာ ဗုံးနှစ်လုံးပေါက်တယ်။ ရဲစခန်းအနောက်လို့ကြားပါတယ်။ မနက် ၇နာရီလောက်ကပါ။ အသံဗုံးလို့ ပြောပါတယ်"ဟု သုဝဏ္ဏမြို့တွင် နေထိုင်သူတစ်ဦးက NSS ကို ပြောသည်။
ပေါက်ကွဲမှုကြောင့် လူ နှင့် ပစ္စည်း ထိခိုက်မှုမရှိကြောင်းသိရပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၂)ရက်တွင်လည်း ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန် ဘုန်းကြီးကျောင်းအနီးရှိ လုံခြုံရေးစခန်းကို PDF အဖွဲ့က Drop ဗုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားထားသည်။
အလားတူ ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်းတွင်လည်း ခရမ်းမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းအချို့ကို PDF အဖွဲ့က လာရောက်ပစ်ခတ်၍ ထွက်ပြေးသည့် ဖြစ်စဉ်များဖြစ်ပွားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှည်းကူးမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း