ဟားမက်စ်လိုလားတဲ့အုပ်စုတွေကို ကူညီထောက်ပံ့ပေးမှုတွေအတွက် ကမ္ဘာကျော်ဘီလျံနာဂျော့ဆိုးရော့စ့်ကို အစ္စရေးသံအမတ်ကြီးဝေဖန်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၄
ကုလသမဂ္ဂဆိုင်ရာအစ္စရေးအထူးကိုယ်စားလှယ် ဂျီလတ်အာဒမ်ဟာ ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ ဂျော့ဆိုးရောစ့်ကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
ဂျော့ဆိုးရောစ့်ဟာ ဂျူးလူမျိုးတစ်ဦးဖြစ်ပေမယ့် ဟားမက်စ်လိုလားတဲ့အုပ်စုတွေကို ငွေကြေးကူညီထောက်ပံ့ပေးနေပြီး အစ္စရေးနိုင်ငံ ပျက်စီးအောင်လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီး က ပြောပါတယ်။
အစ္စရေးသံအမတ်ကြီးဟာ Fox News Digital သတင်းဌာနနဲ့ အင်တာဗျူးချိန်အတွင်း ပွင့်လင်းလူအဖွဲ့အစည်း ဖောင်ဒေးရှင်းအကြီးအကဲဖြစ်သူ ဂျော့ဆိုးရောစ့်ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်အဖွဲ့ကို အားပေးထောက်ခံနေတဲ့အဖွဲ့အစည်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီလှူဒါန်းပေးခဲ့ကြောင်း ဆိုပါတယ်။
အစ္စရေးသံအမတ်ကြီးက "ဂျော့ဆိုးရော့စ်ရဲ့လှူဒါန်းမှုတွေဟာ အစ္စရေးနိုင်ငံကို ဖျက်ဆီးနေတာဖြစ်တယ်။ ရှက်ဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အံ့အားမသင့်ပါဘူး" လို့ ပြောပါတယ်။
ဂျော့ဆိုးရော့စ်ဟာ နှစ်ပေါင်းများစွာကြာ အစ္စရေးဆန့်ကျင်ရေးလုပ်ဆောင်ခဲ့ပြီး ကူညီထောက်ပံ့ပေးခဲ့သူဖြစ်ကြောင်း၊ ပါလက်စတိုင်း လိုလားတဲ့အဖွဲ့တွေကို ကူညီပေးနေသူဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးသံအမတ်ကြီးက "ဆိုးရော့စ်ဟာ အစ္စရေးနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်အောင်ကြိုပမ်းနေတဲ့ Boycott, Divestment နဲ့ Sanctions (BDS) လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးနေခဲ့သူဖြစ်ပါတယ်။ အဲဒီအုပ်စုတွေဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ဘယ်တော့မှလုပ်ဆောင်တဲ့အဖွဲ့အစည်းတွေ မဟုတ်ဘူး" လို့ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ဂျော့ဆိုးရော့စ့်ဟာ ဟားမက်စ်လက်ကိုင်အဖွဲ့တွေအပေါ် အားပေးနေတဲ့အဖွဲ့အစည်းတွေကို ၂ဝ၁၆ ခုနှစ်တည်းက အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီပေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်းကို အွန်လိုင်းစနစ်ဖြင့် လာမည့် ဇန်နဝါရီလ(၁)ရက်တွင် စတင်ဆောင်ရွက်မည်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ