တောင်ငူမြို့နယ်တွင် PDF အဖွဲ့က လင်မယား(၂)ဦးအား ဖမ်းဆီး၍ သားသမီးများရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
NSS - ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် PDF အဖွဲ့က လင်မယား(၂)ဦးအား ဖမ်းဆီး၍ သားသမီးများရှိနေသည့် နေအိမ်ရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်၊ ည ၇နာရီခွဲတွင် တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးဝင်ရွှေ(၅၇)နှစ် နှင့် ဒေါ်ကြည်အေး(၅၃)တို့သည့် ၎င်းတို့နေအိမ်၌ သားသမီး(၃)ဦးနှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးမှ ရောက်ရှိလာပြီး ဦးဝင်ရွှေနှင့် ဒေါ်ကြည်အေးတို့လင်မယားနှစ်ဦးအား နေအိမ်ရှေ့သို့ဖမ်းဆီးခေါ်ဆောင်ကာ ဒူးထောက်ခိုင်းပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းရွှေတွင် ဦးခေါင်း၊ ဝဲမျက်လုံး၊ ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက် နှင့် ဒေါ်ကြည်အေး၌ မေးအောက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူလင်မယား(၂)ဦး၏ ရုပ်အလောင်းများအား စစ်ဆေးနိုင်ရန်တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်းပေးထားပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လိုလားတဲ့အုပ်စုတွေကို ကူညီထောက်ပံ့ပေးမှုတွေအတွက် ကမ္ဘာကျော်ဘီလျံနာဂျော့ဆိုးရော့စ့်ကို အစ္စရေးသံအမတ်ကြီးဝေဖန်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း