ပုသိမ်ကြီးမြို့နယ်ရှိ စတိုးဆိုင်တစ်ခုအနီး၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား
ကျော် (NSS) - ဒီဇင်ဘာ ၄
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ စတိုးဆိုင်တစ်ခုရှေ့ရှိ အမှိုက်ပုံးအတွင်းမှ လက် လုပ်မိုင်းပေါက်ကွဲခဲ့မှု ယမန်နေ့ (ဒီဇင်ဘာလ ၃ ရက်)၊ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့၊ ညနေ ၅ နာရီခွဲခန့်က အုန်းချောကျေးရွာ၏ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းဘေး စတိုးဆိုင်ရှေ့ရှိ အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
"စတိုးဆိုင်ရှေ့မှာရှိတဲ့ အမှိုက်ပုံးထဲကနေပေါက်ကွဲတာ။ စတိုးဆိုင်ရှေ့မှာရှိတဲ့ အမှိုက်ပုံးနဲ့ဆိုင်ကယ်တက်ဖို့လုပ်ထားတဲ့ သံလျောဆင်းစင်လောက်ပဲ ပျက်စီးသွားတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ စတိုးဆိုင်ပိုင်ရှင်သည် ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူခံရပြီး ခံဝန်ဖြင့်ပြန်လွတ်ထားသူ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်၊ ည ၁၁ နာရီကျော်ခန့်ကလည်း ချမ်းအေးသာစံမြို့နယ်၊ ၈၀ လမ်းနှင့် ၈၁ လမ်းကြား၊ ၂၆ လမ်း၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးမှ ၎င်းတို့အားစစ်ဆေးရန် ရပ်တန်ခိုင်းသော လုံခြုံရေးအဖွဲဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်ရန်ပြုလုပ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ၎င်းကပြောသည်။
အဆိုပါ အမျိုးသား ၂ ဦးသည် ချမ်းအေးသာစံမြို့နယ်နေသူများဖြစ်ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များကခြောက်လှန့်၍ပစ်ခတ်ဖမ်းဆီးရာ ဆိုင်ကယ်မောင်းနှင်လာသူတွင် ဘယ်ဘက်တံတောင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ထို့ပြင် ဆိုင်ကယ်နောက်၌ စီးနင်းလိုက်ပါလာသူတွင်လည်း ညာဘက် နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ဘယ်ဘက်နံဘေးကျည်ဖောက်ထွက်၊ ဘယ်ဘက်လက်မောင်း ကျည်ဖောက်ထွက်ဒဏ်ရာတို့ရရှိခဲ့ကာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူနှစ်ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူမြို့နယ်တွင် PDF အဖွဲ့က လင်မယား(၂)ဦးအား ဖမ်းဆီး၍ သားသမီးများရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း