ရန်ကုန်မြို့လယ်တွင် ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၄
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် နှင့် ကျောက်တံတားမြို့နယ်တို့တွင် ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် ကိုကြီးညို၊ ကိုထွန်းစိန် နှင့် ကိုအောင်ကိုကိုတို့အား AD Van ကားနှင့်အတူ တွေ့ရှိခဲ့ရသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ အဆိုပါနေ့၊ နံနက် ၁၀ နာရီအချိန်တွင် ကျောက်တံတားမြို့နယ်၊ (၅)ရပ်ကွက်ရှိ ကိုထွန်းစိန်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၀ ဒသမ ၃သိန်း)ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းငွေကျပ်သိန်း (၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၂ ရက်၊ ည ၈ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ပန်မက်ကျေးရွာအနီးတွင် သိန်း(၈၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဆက်လက်သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာအနီးတွင် ကျဟဲမောင်းနှင်ကာ မနာဖေ့(၁၉)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ကျဟဲသည်ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ငွေကျပ်သိန်း(၈၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဖျက်သမားများ၏ ပါးစပ်မှထွက်သော ဒီမိုကရေစီကို ယုံစားမိပါက အဖျက်သမားများနှင့်အတူ ပျက်သုန်းသွားရမည်ဟု နစက သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ