Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကျော် မြန်မာသံအဆိုတော် တွံတေးစိုးအောင်၏ ရုပ်အလောင်းအား ထိန်ပင်သုသာန်၌ မီးသင်္ဂြိုလ်

NP News - မတ် ၁၁


နိုင်ငံကျော် မြန်မာသံအဆိုတော် တွံတေးစိုးအောင်၏ ရုပ်အလောင်းအား ယနေ့(မတ်လ ၁၁ ရက်) ၊ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုသာန်၌ မီးသင်္ဂြိုလ်ခဲ့သည်။


အဆိုတော်တွံတေးစိုးအောင်၏ နာရေးအခမ်းအနားသို့ ၎င်းအား ချစ်ခင်အားပေးကြသည့် အနုပညာရှင်များအပါအဝင် ပရိတ်သတ် အများအပြားလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။


“မြန်မာသံ အနုပညာသမားတစ်လက် ဆုံးရှုံးသွားတာက အလွန်နှမြောစရာကောင်းတာပါပဲ။ ကိုဥသြနဲ့အတူ အားလုံးတစ်တိုင်းပြည်လုံးကလည်း အထူးသဖြင့် မယ်ဒလင်အဖွဲ့တွေ မယ်ဒလင်ဝါသနာအိုးများအဖွဲ့တွေ တော်တော်ယူကျုံးမရဖြစ်သွားတာပဲ။ ဒါဆုံးရှုံးမှု သူတို့အဖို့မှာ ပြောမပြနိုင်လောက်အောင် ဝမ်းနည်းကြရပါတယ်” ဟု လူရွင်တော် ဥသြက မှတ်ချက်ပြုပြောဆိုထားသည်။


နိုင်ငံတော်အဆိုတော် တွံတေးစိုးအောင်သည် ပြီးခဲ့သည့် မတ်လ ၉ ရက်၊ နံနက် ၂ နာရီ ၃ မိနစ်အချိန်ခန့်တွင် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။


တွံတေးစိုးအောင်သည် မယ်ဒလင်တူရိယာဖြင့် မြန်မာသံစဉ်သီးချင်းအများအပြားကို သီဆိုခဲ့သူဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပရိတ်သတ်အများအပြား၏ အားပေးခြင်းကိုလည်း အခိုင်အမာရရှိခဲ့သူတစ်ဦးဖြစ်သည်။


ထို့ပြင် နိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင်၏ "အရင်ရည်းစားထက်ပို ချစ်တယ်" တေးစီးရီးအပါအ ဝင် သီချင်းအများအပြားသည် ပရိတ်သတ်များအကြားတွင် ထင်ထင်ရှားရှားရှိခဲ့ပြီး ၎င်းအနေဖြင့် သရုပ် ဆောင်အလုပ်ကိုပါ လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုများလည်း ရရှိခဲ့သူဖြစ်သည်။ 


နိုင်ငံတော်အဆိုတော်တွံတေးစိုးအောင်သည် ရန်ကုန်တိုင်း၊ တွံတေးမြို့၊ ကျုံးကြီးရပ်ကွက်တွင် မွေးဖွားခဲ့သူဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက်(၆၁)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

zawgyi version



NP News - မတ် ၁၁















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်သမ္မတရဲ့အယုံကြည်ရဆုံးသူတစ်ဦးကို တရုတ်အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved