Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်သမ္မတရဲ့အယုံကြည်ရဆုံးသူတစ်ဦးကို တရုတ်အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်

ဂျန်ဇက် (NP News) - မတ် ၁၁


တရုတ်သမ္မတရဲ့ယုံကြည်အားထားရဆုံး သူတစ်ဦးဖြစ်တဲ့ Li Qiang ဟာ မတ်လ ၁၁ ရက်မှာ ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်ခံလိုက်ရကြောင်းသိရပါတယ်။


တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ရှန်ဟိုင်းမြို့ကွန်မြူနစ်ပါတီအကြီးအကဲဟောင်း Li Qiang ကို ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်ဖို့အမည်စာရင်းတင်သွင်းခဲ့ရာ လက်ရှိကျင်းပနေတဲ့ တရုတ်ပြည်သူ့လွှတ်တော်အစည်း အဝေးအတွင်း  Li Qiang ကို ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ လွှတ်တော်က ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။


တရုတ်ဝန်ကြီးချုပ် Li Keqiang ဟာ ဝန်ကြီးချုပ်သက်တမ်း နှစ်နှစ်ဆက်တိုက်တာဝန်ယူပြီးနောက် လာမယ့်ရက်ပိုင်းအတွင်း ပြီးဆုံးမယ့် လွှတ်တော်အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ်ရာထူးကနေ အနားယူသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ရှီကျင့်ဖျင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်သမ္မတအဖြစ် တတိယအကြိမ်မြောက် တာဝန်ထပ်မံယူခဲ့ကြောင်းသိရပါတယ်။ အသက် ၆၃ နှစ်အရွယ်ရှိ  Li Qiang ဟာ သမ္မတရှီကျင့်ဖျင်ရဲ့အနီးစပ်ဆုံးမိတ်ဆွေတစ်ဦးဖြစ်ပြီး Zhejiang ပြည်နယ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေမှူးအဖြစ် ရှီကျင့်ဖျင် တာဝန်ယူချိန်က Li Qiang ဟာရုံးအဖွဲ့အကြီးအကဲအဖြစ် ၂ဝဝ၄ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အထိတာဝန်ယူခဲ့ဖူးကြောင်းသိရပါတယ်။


Li Qiang ဟာ အမေရိကန်နဲ့တရုတ်နိုင်ငံကြားတင်းမာမှုတွေ အရှိန်မြင့်တက်နေချိန်မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရမှာဖြစ်ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးမျှော်လင့်သလောက်တိုးတက်မှုမရှိဘဲဖြစ်နေချိန်မှာ Li Qiang ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး နိုင်ငံစီးပွားရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရဖွယ်ရှိနေပါတယ်။ 


တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်က (၃)ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒီနှစ်အတွင်း စီးပွားရေး တိုး တက်မှုနှုန်း (၅)ရာခိုင်နှုန်းအထိ မြင့်တက်လာအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ပြီးခဲ့တဲ့သုံးနှစ်အတွင်းက နှစ်ပေါင်း (၃ဝ)ကျော်အတွင်း တိုးတက်မှုနှုန်းအနှေးကွေးဆုံး ပုံစံမျိုးရှိနေခဲ့ကြောင်းသိရပါတယ်။ Li Qiang ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးအတွင်း ပေါ်လစ် ဗျူရိုအမြဲတမ်းကော်မတီရဲ့နံပတ်နှစ်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရကြောင်းသိရပါတယ်။

zawgyi version

တ႐ုတ္သမၼတရဲ႕အယုံၾကည္ရဆုံးသူတစ္ဦးကို တ႐ုတ္အစိုးရဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ 

ဂ်န္ဇက္ (NP News) - မတ္ ၁၁


တ႐ုတ္သမၼတရဲ႕ယုံၾကည္အားထားရဆုံး သူတစ္ဦးျဖစ္တဲ့ Li Qiang ဟာ မတ္လ ၁၁ ရက္မွာ ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ခန႔္အပ္ခံလိုက္ရေၾကာင္းသိရပါတယ္။


တ႐ုတ္သမၼတရွီက်င့္ဖ်င္ဟာ ရွန္ဟိုင္းၿမိဳ႕ကြန္ျမဴနစ္ပါတီအႀကီးအကဲေဟာင္း Li Qiang ကို ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ခန႔္အပ္ဖို႔အမည္စာရင္းတင္သြင္းခဲ့ရာ လက္ရွိက်င္းပေနတဲ့ တ႐ုတ္ျပည္သူ႔လႊတ္ေတာ္အစည္း အေဝးအတြင္း  Li Qiang ကို ဝန္ႀကီးခ်ဳပ္သစ္ခန႔္အပ္ဖို႔ လႊတ္ေတာ္က ခြင့္ျပဳခဲ့ေၾကာင္းသိရပါတယ္။


တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang ဟာ ဝန္ႀကီးခ်ဳပ္သက္တမ္း ႏွစ္ႏွစ္ဆက္တိုက္တာဝန္ယူၿပီးေနာက္ လာမယ့္ရက္ပိုင္းအတြင္း ၿပီးဆုံးမယ့္ လႊတ္ေတာ္အစည္းအေဝးအၿပီးမွာ ဝန္ႀကီးခ်ဳပ္ရာထူးကေန အနားယူသြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ရွီက်င့္ဖ်င္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တ႐ုတ္သမၼတအျဖစ္ တတိယအႀကိမ္ေျမာက္ တာဝန္ထပ္မံယူခဲ့ေၾကာင္းသိရပါတယ္။ အသက္ ၆၃ ႏွစ္အ႐ြယ္ရွိ  Li Qiang ဟာ သမၼတရွီက်င့္ဖ်င္ရဲ႕အနီးစပ္ဆုံးမိတ္ေဆြတစ္ဦးျဖစ္ၿပီး Zhejiang ျပည္နယ္ကြန္ျမဴနစ္ပါတီ အေထြေထြအတြင္းေရမႉးအျဖစ္ ရွီက်င့္ဖ်င္ တာဝန္ယူခ်ိန္က Li Qiang ဟာ႐ုံးအဖြဲ႕အႀကီးအကဲအျဖစ္ ၂ဝဝ၄ ခုႏွစ္ကေန ၂ဝဝ၇ ခုႏွစ္အထိတာဝန္ယူခဲ့ဖူးေၾကာင္းသိရပါတယ္။


Li Qiang ဟာ အေမရိကန္နဲ႔တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈေတြ အရွိန္ျမင့္တက္ေနခ်ိန္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူရမွာျဖစ္ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးေမွ်ာ္လင့္သေလာက္တိုးတက္မႈမရွိဘဲျဖစ္ေနခ်ိန္မွာ Li Qiang ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီး ႏိုင္ငံစီးပြားေရး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရဖြယ္ရွိေနပါတယ္။ 


တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရးဟာ ၿပီးခဲ့တဲ့ႏွစ္က (၃)ရာခိုင္ႏႈန္း တိုးတက္ခဲ့ၿပီး ဒီႏွစ္အတြင္း စီးပြားေရး တိုး တက္မႈႏႈန္း (၅)ရာခိုင္ႏႈန္းအထိ ျမင့္တက္လာေအာင္လုပ္ေဆာင္ဖို႔ ရည္႐ြယ္ထားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရးဟာ ၿပီးခဲ့တဲ့သုံးႏွစ္အတြင္းက ႏွစ္ေပါင္း (၃ဝ)ေက်ာ္အတြင္း တိုးတက္မႈႏႈန္းအေႏွးေကြးဆုံး ပုံစံမ်ိဳးရွိေနခဲ့ေၾကာင္းသိရပါတယ္။ Li Qiang ဟာ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလက ငါးႏွစ္တစ္ႀကိမ္က်င္းပတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ အစည္းအေဝးအတြင္း ေပၚလစ္ ဗ်ဴ႐ိုအၿမဲတမ္းေကာ္မတီရဲ႕နံပတ္ႏွစ္ေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံရေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အခကြေးငွေရယူကာ နိုင်ငံကူးလက်မှတ် တစ်ဆင့်ခံပြုလုပ်ပေးနေသည့် အမျိုးသမီးအား ဖမ်းဆီး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved