Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်

မြူနစ် (NSS) - ဒီဇင်ဘာ ၁

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်းကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ် ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၁ ရက်) နံနက် ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ သင်္ဃကျွန်းမြို့နယ်၊ ငမိုးရိတ် ရပ်ကွက်၊ (၃) လမ်းရှိ ဥက္ကဋ္ဌ ဦးသန်းထွန်း၏ နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“မနက် ၈ နာရီလောက်မှာ ဖြစ်သွားတာ။ သူ့အိမ်မှာရှိတဲ့ မိတ္တူဆိုင်မှာ မိတ္တူကူးဖို့ လာတယ်ဆိုပြီးတော့ အဲဒီမှာ ဝင်ပစ်သွားတာ။ (၄)ချက်ထိသွားတယ်။ အဲဒီမှာ မြောက်ဥက္ကလာဆေးရုံကို ပို့တယ်။ ဒါပေမယ့် ဆုံးသွားတယ်” ဟု အမျိုးသားဒီမိုကရေ စီပါတီသစ်(NNDP)ပါတီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ဥက္ကဋ္ဌ ဦးသန်းထွန်းသည် သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။


“ကိုသန်းထွန်းဟာ တစ်သက်လုံးတောက်လျှောက်ပေါ့ ၈၈ ကတည်းက ကျောင်းသားလှုပ်ရှားမှုကနေ ဒီမိုကရေစီ အရေးမှာ ပါဝင်ခဲ့တယ်။ ပြီးတော့ သင်္ဃန်းကျွန်းမှာ NLD စတင် တည်ထောင်ကတည်းကလည်း သင်္ဃန်းကျွန်း NLD တစ်ယောက်အနေနဲ့ သူလုပ်ခဲ့တယ်။ ၂ဝ၁ဝ မှာ သူ ရွေးကောက်ပွဲလမ်းစဉ်ကို ယုံကြည်တော့ ဦးသိန်းညွန့်တို့နဲ့ အတူတူ NDF ပါတီကနေ တက်တက်ကြွကြွလှုပ်ရှားခဲ့တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားတော့ ဦးသိန်းညွန့်တို့ရဲ့ NNDP ပါတီပေါ့၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပေါ့ ခမောက်သုံးလုံးပါတီ တည်ထောင်တဲ့အခါမှာ ပါတီ စတည် ထောင်သူတစ်ဦးအနေနဲ့ ပါဝင်ခဲ့တယ်။ ဒုဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူခဲ့တယ်” ဟု ၎င်းပါတီမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဦးသန်းထွန်းသည် ၂ဝ၂၁ ခုနှစ်တွင် ဥက္ကဋ္ဌဟောင်းဦးသိန်းညွန့်က နိုင်ငံတော် တာဝန်ထမ်း ဆောင်သွားစဉ်အချိန်တွင် NNDP ပါတီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းရယူခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် NNDP ပါတီဥက္ကဋ္ဌ ဦးသန်းထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပါတီဝင်များကလည်း ကန့်ကွက်ရှုတ်ချထားသည်။

“ပြောချင်တာကတော့ ကိုသန်းထွန်းလိုမျိုး ဒီမိုကရေစီနဲ့ရွေးကောက်ပွဲလမ်းစဉ်ကို ယုံကြည်တဲ့ လူတစ်ယောက်၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို ယုံကြည်တဲ့လူတစ်ယောက်ကို အခုလိုလုပ်ကြံခံတယ်ဆိုတာက သူရဲဘောကြောင်တဲ့ လူတွေရဲ့လုပ်ရပ်လို့ မြင်တယ်။ သူတို့ ဒီသူရဲဘောကြောင်တဲ့ အကြမ်းဖက်တဲ့လုပ်ရပ်က ကျဆုံးမှာပဲ အနှေးနဲ့အမြန်။ တစ်ခုပဲပေါ့ ဒီလိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်းရေးကို ယုံကြည်တဲ့သူ၊ ဒီမိုကရေစီကို ရိုးရိုးသားသားယုံကြည်တဲ့သူတစ်ယောက် တိုင်းပြည်အတွက်၊ ပါတီအတွက် ဆုံးရှုံးသွားရတာပေါ့။ အစ်ကိုတို့ကတော့ သူယုံကြည်တဲ့ လမ်းစဉ်အတိုင်း ဆက်ပြီးတော့ လျှောက်ဖို့ လုပ်ရမှာပဲ” ဟု NNDP ပါတီမှ တာဝန်ရှိသူက ပြောသည်။

NNDP ပါတီဥက္ကဋ္ဌဦးသန်းထွန်းသည် အကြမ်းဖက်လုပ်ကြံခံရပြီးနောက် သေဆုံးချိန်တွင် အသက်(၅၄)နှစ် အရွယ်ရှိ ပြီဖြစ်ကာ ၎င်း၌ သား/သမီးနှင့် မြေးအရွယ်ကလေးငယ်များ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေး ပါတီဝင်နှင့် အရပ်သားစုစုပေါင်း (၆၇ဝဝ)ကျော် သေဆုံးခဲ့ရပြီး ယင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုများအပေါ် နိုင်ငံတော်တာဝန်ရယူထားသည့် နစကအနေဖြင့် အကာအကွယ်ပေးနိုင်ခြင်း မရှိသည့်အပြင် အကြမ်းဖက်အဖွဲ့များ ကလည်း ၎င်းတို့၏ သတ်ဖြတ်မှုများကို ရပ်တန့်သွားခြင်းမျိုး မရှိသေးပေ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဌာနဆိုင်ရာရုံးများနှင့်နေအိမ်အချို့မီးလောင်၊ အာရှလမ်းမကြီးကိုလည်း ဖြတ်သန်းခွင့်ယာယီပိတ်ထား

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved