Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဌာနဆိုင်ရာရုံးများနှင့်နေအိမ်အချို့မီးလောင်၊ အာရှလမ်းမကြီးကိုလည်း ဖြတ်သန်းခွင့်ယာယီပိတ်ထား

ကျော် (NSS) - ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တပ်မတော် နှင့် KNU ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသဖြင့် ဌာနဆိုင်ရာရုံးများနှင့်နေအိမ်အချို့မီးလောင်ကာ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးကိုလည်း ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။


ကော့ကရိတ်မြို့ရှိ တပ်မတော်စခန်းများနှင့်မြို့တွင်းနေရာအချို့အား KNU၊ PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်)၊ ညပိုင်းမှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"မနေ့ည ၇ နာရီလောက်ကစပြီး လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့စပစ်တဲ့အသံကိုကြားရတယ်။ တပ်ဖက်ကလည်းပြန်ပစ်တယ်။ ညတုန်းက အပြန်အလှန်လက်နက်ကြီးနဲ့ပစ်တာလောက်ပဲရှိခဲ့တယ်။ ညနက်ပိုင်းလောက်ရောက်တော့ လက်နက်ကြီးပစ်သံတွေမကြားရတော့ဘူး"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။

ယမန်နေ့ ညနက်ပိုင်းက လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာလ ၁ ရက်)၊ နံနက်အစောပိုင်း ၄ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်မှုများ နှင့်အတူ အပြန်အလှန်ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့တွင်းရှိ ဌာနဆိုင်ရာရုံးအချို့နှင့်နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်မှုနှင့်မီးလောင်မှုတို့ဖြစ်ပွားကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့မနက်အစောပိုင်းရောက်တော့ လက်နက်ကြီးပစ်သံတွေရော၊ သေနတ်ပစ်သံတွေရောကြားရတယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ ပစ်ခတ်တာတွေရှိတယ် လက်လှမ်းမီသလောက်စုံစမ်းကြည့်တော့ တပ်မတော်စခန်းတွေနားမှာ တိုက်ပွဲဖြစ်တာပိုများတယ်လို့သိရတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ရှိ တံတားဦး၊ ခင်နိမ်းမူ၊ ဝင်းကြီး၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်၊အောက်ရွာ နှင့် မွေးမြူရေးဇုန်အနီးတို့တွင် အပြန်အလှန်ပစ်ခတ်မှုအများဆုံးဖြစ်ပေါ်လျက်ရှိပြီး အချို့နေရာများတွင်လည်း ပစ်ခတ်မှုအနည်းငယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုတွင် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်သို့လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများ နှင့် အိမ်စီးကားများသည် ရောက်ရှိသည့်နေရာ၌ရပ်တန့်ထားရပြီး တာဝန်ရှိသူများမှလည်း အာရှလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားခဲ့ကြကြောင်း သိရသည်။

"ကားတွေအကုန်လုံးကို လမ်းဘေးမှာထိုးရပ်ထားပြီး လူတွေက လမ်းဘေးမြောင်းတွေထဲမှာ ဝင်ပုန်းနေရတယ်။ လက်နက်ကြီးပစ်သံရော၊ ပေါက်ကွဲသံရော၊ သေနတ်ပစ်သံတွေရော ဆက်တိုက်ကြားနေရတာ ကလေးတွေဆိုရင် ကြောက်လို့ငိုနေတာ မနည်းချော့မော့နေရတယ်"ဟု အာရှလမ်းမကြီးပေါ်၌ပိတ်မိနေသည့် အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦးက NSS ကိုပြောသည်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ တပ်မတော်စခန်းအချို့အား KNU ၊ PDF ပူးပေါင်းအဖွဲ့မှ သိမ်းပိုက်ခဲ့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရခြင်း၊ ဒေသခံများ သေဆုံးခြင်း၊ဒဏ်ရာရခြင်းများရှိနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော်လည်း NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကော့ကရိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအား KNU က မြို့တွင်းမှတစ်ပတ်အတွင်းထွက်ခွာရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က ခြိမ်းခြောက်စာထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် တပ်မတော်စခန်းများ နှင့် ကော့ကရိတ်မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သန်လျင်တံတား အမှတ် - ၃ တည်ဆောက်ခြင်းလုပ်ငန်းများ လာမည့်နှစ်အတွင်း ပြီးစီးမည်

RELATED POSTS
RECENT POSTS
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved