မွန်ပြည်နယ်တွင် PDF အဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွား
ကျော် (NSS) - နိုဝင်ဘာ ၃၀
မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့တွင် PDF အဖွဲ့ဝင် ၂ ဦးက မုန့်ဟင်းခါးစားပြီးပြန်လာသည့် အမျိုးသားအား သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့ (နိုဝင်ဘာလ ၃၀ ရက်)၊ နံနက် (၉)နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ဦးသန်းနိုင်ဆိုသူဖြစ်ပြီး မုန့်ဟင်းခါးဆိုင်မှ ၎င်း၏ကားဆီသို့ပြန်လာစဉ် ဆိုင်ကယ်မောင်းလာသည့် PDF အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
"သူက ကျိုက္ကော်ရပ်ကွက်မှာရှိတဲ့ မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားပြီး သူ့ကားဆီကိုပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်မောင်းလာတဲ့ PDF အဖွဲ့ဝင် ၂ ယောက်က သေနတ်နဲ့ပစ်သွားတာ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းနိုင်၏ ညာဘက်ရင်အုံတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
၎င်းသည် သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
"ကျည်ထိမှန်ဒဏ်ရာရတဲ့လူကို ကျွန်တော်တို့အသင်းက ဆေးရုံပို့ပေးခဲ့ရတာမဟုတ်ပါဘူး။ ဒါပေမယ့် ချိတ်ဆက်ပြောပြမှုတွေအရဆိုရင် ဆေးရုံမှာကုသမှုခံယူနေတုန်း သေဆုံးသွားတယ်လို့ သိရပါတယ်။ အခုသေနတ်နဲ့ပစ်ခံရတဲ့လူက သတင်းပေးဆိုပြီးနာမည်ထွက်နေတာပါ"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
City Taxi အစီးရေ (၅)သောင်းခွဲကျော်တွင် အဝါရောင် ဘေးလိုင်း Sticker ကပ်ထားသည့် အစီးရေ (၄၅၀၀၀)ကျော်ရှိလာ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း