လက်ရှိအချိန်တွင် လက်နက်ကိုင်ပြီး အာဏာလိုချင်သည့်သူများ ပေါ်ပေါက်နေကြောင်း တပ်ချုပ်ပြော
မျိုးကြီး (NSS) - နိုဝင်ဘာ ၃၀
လက်ရှိအချိန်တွင် လက်နက်ကိုင်ပြီး အာဏာလိုချင်သည့်သူများ ပေါ်ပေါက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ပြုလုပ်သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေး၌ နစကဥက္ကဋ္ဌက လတ်တလောတွင် နိုင်ငံအတွင်းဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ နစကအဖွဲ့ဝင်များကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြုကာ နောက်ကွယ်၌ အင်အားစုစည်းတည်ဆောက်ခြင်း၊ လက်နက်ခဲ ယမ်းမီးကျောင်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အဖွဲ့များ သင်တန်းများပေခြင်းနှင့် လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချပေးခြင်းတို့ကို လုပ်ဆောင်နေသည်ဟု တပ်ချုပ်က ဖွင့်ဟပြောကြားထားသည်။
၎င်းကဲ့သို့ လုပ်ဆောင်နေခြင်းများသည် ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်နေခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၌ တာဝန်ရှိသည့်အတွက် သောင်းကျန်းသူချေမှုန်းရေးကို ဖိဖိစီးစီးဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုအချိန်တွင် လက်နက်ကိုင်ပြီး အာဏာလိုချင်သည့်သူများ ပေါ်ပေါက်လာကြောင်း နှင့် ၎င်းစိတ်ဓာတ်များကို ပြုပြင်ရန် လိုအပ်ကြောင်းလည်း အသိပေးပြောကြားခဲ့သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟူသော ဦးတည်ချက်များကိုလည်း မဖြစ်ဖြစ်ရန် အကောင်အထည်ဖော်သွားမည်ဟု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုခဲ့သည်။
လက်ရှိအချိန်တွင် ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ကယားနှင့် စစ်ကိုင်းတို့၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ပြည်နယ်တွင် PDF အဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွား
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ