ဖခင်အား ရိုက်နှက်နေသဖြင့် ဝင်ရောက်တောင်းပန်သည့် သမီးဖြစ်သူအား KIA နှင့် PDF အဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - နိုဝင်ဘာ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဖခင်အား ရိုက်နှက်နေသဖြင့် ဝင်ရောက်တောင်းပန်သည့် သမီးဖြစ်သူအား KIA နှင့် PDF အဖွဲ့ဝင်(၂)ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၂၆ ရက်၊ ည ၆နာရီအချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ ကံကုန်းကြီးကျေးရွာလမ်းပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ဒေါ်နွယ်ဌေး(၄၃)နှစ်သည် နေအိမ်၌ရှိနေစဉ် KIA၊ PDF ပူးပေါင်းအဖွဲ့ဝင်(၂)ဦးက ကံကုန်ကြီးကျေးရွာ နှင့် အင်ကြင်းကုန်း ကျေးရွာအကြားရှိ လယ်ထဲ၌ လယ်လုပ်သည့် ၎င်း၏ဖခင်ဖြစ်သူ ဦးကုလား(၆၆)နှစ်အား ဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်ရှေ့ရှိလမ်းပေါ်၌ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖခင်ဖြစ်သူအား ရိုက်နှက်နေသဖြင့် ဒေါ်နွယ်ဌေးမှ ဝင်ရောက်တောင်းပန်ခဲ့ရာ ၎င်းအား KIA၊ PDF ပူးပေါင်းအဖွဲ့ဝင်(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဒေါ်နွယ်ဌေးတွင် နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိအချိန်တွင် လက်နက်ကိုင်ပြီး အာဏာလိုချင်သည့်သူများ ပေါ်ပေါက်နေကြောင်း တပ်ချုပ်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း