အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးထပ်မံသက်တမ်းတိုးဖို့ သဘောတူ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၃ဝ
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖမ်းဆီးထားသူများအပြန်အလှန် ပြန်လွှတ်ပေးရေးအချက် အပါအဝင် ဂါဇာဒေသ ပစ်ခတ်ရပ်စဲရေးကို ၇ ရက်မြောက် သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ အစ္စရေးနိုင်ငံတို့ဟာ ၄ ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကို ရယူခဲ့ပြီးနောက် သက်တမ်းကုန်ဆုံးချိန်မှာ နောက်ထပ် နှစ်ရက် သက်တမ်းတိုးခဲ့ကြောင်း သိရပါတယ်။ ၂ ရက် ထပ်မံ သက်တမ်းတိုးခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးသက်တမ်းဟာ နိုဝင်ဘာ ၂၉ ရက်မှာ သက်တမ်းကုန်ဆုံးခဲ့ရာ ထပ်မံပြီး သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ဂါဇာဒေသမှာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲ တာတွေ ထပ်မံလုပ်ဆောင်ဖို့ သဘောတူညီမှာဖြစ်ကြောင်း၊ အစ္စရေးစစ်ဘက် က အစောပိုင်းမှာ ထုတ်ဖော်ပြောခဲ့ ဖူးပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရရှိအောင် ကြားဝင်ကြိုးပမ်းနေတဲ့ ကာတာနိုင်ငံက လည်း အပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြကြောင်း နိုဝင်ဘာ ၃ဝ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Majed al-Ansari က "ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့၊ ဖမ်းဆီးထားသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဟားမက်စ် နဲ့ အစ္စရေးတို့ဟာ ယာယီအပစ်ခတ်ရပ်စဲရေးကိုသက်တမ်းထပ်တိုးဖို့ သဘောတူညီခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရှိ ထိန်ပင် နှင့် ထားဝယ်ချောင် အမှိုက်ပုံတို့မှ လျှပ်စစ်ထုတ်ယူနိုင်ရေး ကိုရီးယားကုမ္ပဏီ လာရောက်ဆွေးနွေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ