ရန်ကုန်ရှိ ထိန်ပင် နှင့် ထားဝယ်ချောင် အမှိုက်ပုံတို့မှ လျှပ်စစ်ထုတ်ယူနိုင်ရေး ကိုရီးယားကုမ္ပဏီ လာရောက်ဆွေးနွေး
ယွန်း (NSS) - နိုဝင်ဘာ ၃၀
ရန်ကုန်မြို့ရှိ ထိန်ပင်နှင့် ထားဝယ်ချောင် အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် ကိုရီးယားနိုင်ငံရှိ GES ကုမ္ပဏီ နှင့် ရန်ကုန်မြို့တော်ဝန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှတာဝန်ရှိသူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ယမန်နေ့ (နိုဝင်ဘာလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအရ ထိန်ပင် နှင့် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ ထွက်ရှိသော ဓာတ်ငွေ့များကို စုပေါင်းသန့်စင်၍ မီးရှို့ခြင်းဖြင့် လျှပ်စစ်ထုတ်ယူခြင်းများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“အမှိုက်ပုံနှစ်ခုကနေ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ကိုရီးယားကနေလာပြီး ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးခဲ့ တယ် ဆိုတာမှန်ပါတယ်။ ဘယ်တော့လောက်စီမံကိန်းစမလဲဆိုတာတော့ မသိသေးပါဘူး”ဟု ရန်ကုန်မြို့ တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စီမံကိန်းစတင်မည့် အချိန်ကာလအပါအဝင် ပြီးစီးမည့် အချိန်ကာလနှင့် စီမံကိန်းလုပ်ငန်းပြီးစီးပါက ရရှိလာမည့် ဓာတ်အားပမာဏ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအစိုးရတာဝန်ရှိသူများကို Apple ထုတ် ပစ္စည်းများကို အသုံမပြုဖို့ သတိပေးတားမြစ်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း