Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့်နှင့် ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးအလုံး ၁၂၀ ခန့်အသုံးပြုခဲ့ဟု တပ်ချုပ်ဆို

ကျော် (NSS) - နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လက်ရှိအချိန်ထိ  Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့် နှင့် ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးအလုံး ၁၂၀ ခန့်အသုံးပြုခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


ယမန်နေ့(နိုဝင်ဘာလ ၂၉ ရက်)က ပြုလုပ်ခဲ့သည့် နစက အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)တွင် ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များ၌ သာလွန်အင်အားများစုစည်းခြင်းနှင့်နည်းပညာသာလွန်မှုကိုအသုံးချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များအသုံးပြုတိုက်ခိုက်ခဲ့ခြင်းများရှိခဲ့သည်ဟု ပြောသည်။

"လက်ရှိအချိန်အထိ Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော်အသုံးပြုထားပြီး ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်လောက်နဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာကိုတွေ့ရပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသအတွင်းရှိ တပ်မတော်လုံခြုံရေးစခန်းများကိုတိုက်ခိုက်ရာ၌ TNLA၊ KIA၊ AA အဖွဲ့တို့အပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ (စုစုပေါင်းအင်အား ၆၅၀၀ ခန့်) ပါဝင်ခဲ့သည်ဟုလည်း နစက ဥက္ကဋ္ဌကပြောသည်။

၎င်းတို့သည် Drone ကြီးများသုံး၍ Drop Bomb များဖြင့်တိုက်ခိုက်ခဲ့ကြပြီး နယ်စပ်ဒေသကုန်သွယ်ရေးအတွက်အဓိကနေရာဖြစ်သည့် မူဆယ်ကိုလည်း လာရောက်တိုက်ခိုက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် MNDAA နှင့်ပူးပေါင်းအဖွဲ့ဝင်များက Drop Bomb များဖြင့်တိုက်ခိုက်ခြင်း၊ သာလွန်အင်အားများဖြင့်တိုက်ခိုက်ခြင်းများကြောင့် မိသားစုဝင်များ၏ အသက်အန္တရာယ်လုံခြုံရေးအရ အချို့နေရာများကိုစွန့်ခွာပေးခဲ့ရသည်ဟု ပြောသည်။

"ဒါ့ပြင် နယ်စပ်ဒေသဖြစ်တာကြောင့် တစ်ဖက်နိုင်ငံက အထင်အမြင်မလွဲမှားစေဖို့ ကန့်သတ်ထိန်းသိမ်းဆောင်ရွက်ရပြီး အရပ်သားအပြစ်မဲ့ပြည်သူတွေကို မထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ရတာတွေရှိပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။

KNPP/KNDF အဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်မှစတင်၍ လွိုင်ကော်မြို့သို့ အင်အားအလုံး အရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု ၎င်းကဆက်လက်ပြောသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုမီ ၎င်းတို့ လက်နက်စုဆောင်းနေခြင်းသတင်းအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် လက်နက်အလက် ၅၀၀ နှင့် ခဲယမ်းများကို ဟိုပုံးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်တွင်လည်း လက်နက်မျိုးစုံ ၁၃၀ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်းနှင့် အခြားခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု နစက ဥက္ကဋ္ဌက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးကိုအကြောင်းပြု၍ အင်အားစုစည်းခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ အပြိုင်အဆိုင်တည်ဆောက်ထုတ်လုပ်ခြင်း၊ PDF အဖွဲ့များကို အကြမ်းဖက်သင်တန်းများဖွင့်လှစ်သင်တန်းပေးခြင်း၊ လက်နက်/ခဲယမ်း/မီးကျောက်များ ရောင်းချပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကာ ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နဲ့ မြန်မာနိုင်ငံကြားရှိတဲ့ ဆွေမျိုးပေါက်ဖောက်ဆက်ဆံရေးကို သဘောထားကွဲအောင်လုပ်ဆောင်မှုတွေ အောင်မြင်မှာ မဟုတ်ကြောင်း တရုတ်အစိုးရပြော

RECENT POSTS
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved