Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပိတ်ထားရသည့်ကျောင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၏ လုံခြုံရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌဆို

ကျော် (NSS)- နိုဝင်ဘာ ၃၀

နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်ဒေသများ၌ ပိတ်ထားရသည့်ကျောင်းများအား အခြေအနေပေးပါက ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။


နစက ဥက္ကဋ္ဌက နိုဝင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌ကျင်းပသည့် နစက အစည်းအဝေး(၆/၂၀၂၃)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

KNPP နှင့် PDF အဖွဲ့ဝင်များသည် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု ၎င်းကပြောသည်။

"တိုက်ပွဲဖြစ်ပွားနေတုန်းမှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပညာရေးဝန်ထမ်းတွေ ကျောင်းသား၊ကျောင်းသူတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းဟာ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်တွေကို ချိုးဖောက်နေတာကြောင့် လုံးဝလက်သင့်ခံလို့မရပါဘူး"ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် အမြန်ဆုံးပြန်လွှတ်ပေးရန် သတင်းထုတ်ပြန်ခဲ့ခြင်း၊ ငြိမ်းချမ်းရေးကိုလိုလားသည့်ဒေသခံများ နှင့် ဘာသာသာသနာပြုအဖွဲ့အစည်းများက တိုက်တွန်းခြင်းများပြုလုပ်ခဲ့ကြသည်ဟု ပြောသည်။

ထိုသို့ ထုတ်ပြန်တိုက်တွန်းမှုများကြောင့် KNPP နှင့် PDF အဖွဲ့ဝင်များသည် ၎င်းတို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ ၂၀၄ ဦးအနက် ၁၉၃ ဦးကိုပြန်လွှတ်ပေးခဲ့သဖြင့် ၁၁ ဦးသာကျန်ရှိတော့ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် KNPP နှင့် PDF အဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်တက္က သိုလ်တွင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ်စာမေးပွဲများကိုဖျက်သိမ်းခဲ့ရသည်။

"စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းသားမိဘတွေ ထိခိုက်နစ်နာခဲ့ကြရသလို ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေလည်း ထိခိုက်ခဲ့ရပါတယ်။ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်တွေကိုလည်း ပိတ်ခဲ့ရပါတယ်။ ဟားခါးတက္ကသိုလ်ကလည်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး"ဟု နစက ဥက္ကဋ္ဌကပြောသည်။

တက္ကသိုလ်အားလုံးကို နိုဝင်ဘာလ ၂၃ ရက်မှစတင်၍ ပုံမှန်အတိုင်းဖွင့်လှစ်ခဲ့သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်ဒေသများ၌ ကျောင်းတက်ရောက်သူနည်းပါးလျက်ရှိသည်ဟု ၎င်းကပြောသည်။

"ပိတ်ထားရတဲ့ ကျောင်းတွေလည်းရှိပါတယ်။ အခြေအနေပေးခဲ့မယ်ဆိုရင် အဲဒီကျောင်းတွေကို ပုံမှန်အတိုင်းပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ နယ်မြေအခြေအနေအရ တာဝန်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမတွေရဲ့ အသက်ဘေးအန္တရာယ်လုံခြုံစိတ်ချမှုရှိစေဖို့အတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားပါမယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ် နှင့် ချင်းပြည်နယ်တို့သည် ပညာရေးနှင့်ပတ် သက်၍ အားနည်းသည့် ဒေသသုံးခုဖြစ်ပြီး ယခုဖြစ်ပွားခဲ့သည့် ပြဿနာများကြောင့် ကယားပြည်နယ် နှင့် ချင်းပြည်နယ်တို့ရှိ တက္ကသိုလ်များ ပိတ်ထားရခြင်းကြောင့် ၎င်းဒေသများသည် ပညာရေးတွင် နောက်ကျကျန်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေဖြူမြို့နယ်တွင် ဆားအိတ်များအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၈၇)ဘီလျံကျော်တန်ဖိုးရှိ ကက်တမင်းများဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved