ရေဖြူမြို့နယ်တွင် ဆားအိတ်များအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၈၇)ဘီလျံကျော်တန်ဖိုးရှိ ကက်တမင်းများဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် SINOTRUK TIPPER ကားပေါ်၌ ဆားအိတ်များအောက် မှ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၈၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြီးခဲ့သော နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ခင်ဇော်မောင်းနှင်ကာ အောင်ကျော်ဦး လိုက်ပါလာသည့် SINOTRUK TIPPER ကားကိုရှာဖွေခဲ့ရာ ဆားအိတ်များအောက်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၈၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကက်တမင်း ၂ ဒသမ ၃တန်) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ နိုဝင်ဘာလ ၂၃ ရက်၊ ညနေ ၅ နာရီတွင် အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ကက်တမင်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို ဘားအံ-မော်လမြိုင်ကားလမ်း၊ ဇာသပြင်တံတားအနီးတွင် TOYOTA LANDCRUISER ကားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းဖမ်းဆီးရမိခဲ့သည့် ကက်တမင်းများကို ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းသို့ သယ်ဆောင်ရောင်းချခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာယီအပစ်ခတ်ရပ်စဲပြီးချိန်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ