ထိုင်ဝမ်လွတ်လပ်ရေးက စစ်ပွဲကို ဆိုလိုခြင်းဖြစ်ကြောင်း တရုတ်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၉
ထိုင်ဝမ်ကျွန်း နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နေရာအများအပြားကို တရုတ်နိုင်ငံက ခွင့်ပြုရန် ဆန္ဒရှိသော်လည်း ခွဲထွက်ရေးလှုပ်ရှားမှုများကို သည်းခံမည်မဟုတ်ကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ Chen Binhua က သတိပေးပြောခဲ့သည်။
ထိုင်ဝမ်ကျွန်းတွင် သမ္မတရွေးကောက်ပွဲများမတိုင်မီ ထိုင်ဝမ်လွတ်လပ်ရေးလိုလားသော နိုင်ငံရေးသမားများ၏ မှတ်ချက်များကို Chen Binhua က ယခုကဲ့သို့ တုံ့ပြန်ပြောခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ ကျူးကျော်တိုက်ခိုက်နိုင်ခြေများနှင့်ပတ်သက်ပြီး ခြိမ်းခြောက်မှုများကို ဆက်လက်ခံနေရဆဲဖြစ်ကြောင်း ထိုင်ဝမ်၏ အာဏာရ Democratic Progressive Partyမှ Lai Ching-te နှင့် Hsiao Bi-khim တို့က မကြာသေးမီက ထုတ်ဖော်ပြောခဲ့သည်။
သို့သော်လည်း ထိုင်ဝမ်ကျွန်းသည် ခွဲထွက်ရေးဝါဒများကို ဆက်လက်မြှင့်တင်နေမည်ဆိုပါက သက်ညှာမှုများရှိ တော့မည်မဟုတ်ကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ Chen Binhua က ပြန်လည်တုံ့ပြန်ပြောခဲ့သည်။
Chen Binhua က "ထိုင်ဝမ်လွတ်လပ်ရေးဟာ စစ်ပွဲကို ဆိုလိုတာဆိုတဲ့အချက်ကို ကျွန်တော်အလေးပေးပြောကြား လိုပါတယ်။ Lai Ching-te နဲ့ Hsiao Bi-khim တို့ဟာ ခွဲထွက်ရေးသမားတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ အချက် အလက်တွေကို လိမ်လည်ပြီးတော့ ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကို လှည့်ဖြားပြီး ခွဲထွက်ရေး လှုပ်ရှားမှု အန္တရာယ်တွေကို ပိုမိုတိုးမြင့်လာအောင် လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ထိုင်ဝမ်အရေးသည် တရုတ်နှင့် အမေရိကန်နိုင်ငံကြား ဆက်ဆံရေးတွင် အန္တရာယ်အရှိဆုံး ကိစ္စရပ်တစ်ခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တွေ့ဆုံစဉ်အချိန်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်၌ ဒဂုံမြို့သစ်မြို့နယ်(၃)ခုရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အားယာယီ ပြတ်တောက်မည်ဟု YESC အသိပေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ