မနက်ဖြန်၌ ဒဂုံမြို့သစ်မြို့နယ်(၃)ခုရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အားယာယီ ပြတ်တောက်မည်ဟု YESC အသိပေး
စော (NSS) - နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြို့နယ်(၃)ခုရှိ ရပ်ကွက်အချို့၌ မနက်ဖြန်(နိုဝင်ဘာလ ၃၀ ရက်) တွင် ဓာတ်အားလိုင်း နှင့် သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်၍ ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယနေ့(နိုဝင်ဘာလ ၂၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ 66kV ဧရာဝဏ်ဖီဒါ(၁) ဓာတ်အားလိုင်း နှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုဝင်ဘာလ(၃၀)ရက်၊ နံနက် (၁၀)နာရီမှ မွန်းလွဲ (၂)နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့တို့၌ ယာယီဓာတ်အား ပြတ်တောက်နိုင်ကြောင်း YESC မှ ဆိုထားသည်။
ထို့ပြင် အရေးကြီးသည့်နေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းဖြတ်မြို့၌ လယ်တဲအတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း