မိုင်းဖြတ်မြို့၌ လယ်တဲအတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
စော (NSS) - နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် လယ်တဲအတွင်း ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အလောင်းအား ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ရွာရှိ ၎င်းနေထိုင်သည့် တဲအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အလောင်းက ပုပ်နေပြီး အရေခွံနဲ့ အရိုးပဲကျန်တော့တယ်။ သူက လယ်ထဲမှာ တစ်ယောက်ထဲနေတာ။ သူမိသားစုတွေက ရွာထဲမှာနေတာ။ မပြန်လာတာကြာလို့ ညီအစ်မတွေသွားကြည့်တော့မှ အပုပ်နံ့ရနေတယ်။ သေနေတယ်ဆိုပြီး ကျွန်တော်တို့ကို အကြောင်းကြားလာတာပါ”ဟု မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် ဦးအိုက်သန်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား နမ့်လောက်ရွာရှိ သုဿန်တွင် မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဖက်သုံးစပိုင်ဂြိုလ်တုက အိမ်ဖြူတော်နှင့် အမေရိကန်၏ စစ်ဘက်ဆိုင်ရာနေရာများကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ