ရုရှားသမ္မတပူတင်က ၂ဝ၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကိုမသိရမီ ယူကရိန်းတွင် ငြိမ်းချမ်းရေးများ လုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးပြော
Pika (NSS) - နိုဝင်ဘာ ၂၉
ရုရှားသမ္မတပူတင်သည် ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလတွင် ထွက်ပေါ်လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၏ ရလဒ် များကို မသိရမီအချိန်အတွင်း ယူကရိန်းတွင် ငြိမ်းချမ်းရေးများ လုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက နိုဝင်ဘာလ(၂၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ အလားအလာရှိအောင်ပွဲသည် ယူကရိန်းအတွက် အနောက်အုပ်စုနိုင်ငံများ၏ ထောက်ခံမှုများကို ပြောင်းပြန်လှန်သွားနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေသော အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ယူကရိန်းအတွက် အမေရိကန်၏ ထောက်ခံမှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူဖြစ်ကြောင်း လည်း သိရသည်။ နေတိုးအဖွဲ့သည် လာမည့်နှစ်တွင် ယူကရိန်းမှာ ငြိမ်းချမ်းရေးသဘောတူညီချက်များ ဖြစ်လာနိုင် ဖွယ်မရှိကြောင်း သိထားပြီး ယူကရိန်းအတွက် ၎င်းတို့၏ထောက်ခံမှုများကို ထပ်မံပြောကြားခဲ့ကြကြောင်း အဆိုပါ အကြီးတန်းအရာရှိက ပြောကြားခဲ့သည်။
၎င်းသည် ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် နေတိုးအဖွဲ့ နိုင်ငံခြာားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ယခုကဲ့သို့ မှတ်ချက်ပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းက "ကျွန်တော်ရဲ့အမြင်အရတော့ ရုရှားသမ္မတပူတင်ဟာ ၂ဝ၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့ရလဒ်တွေကို မသိရမီအချိန်အတွင်း ယူကရိန်းမှာ ငြိမ်းချမ်းရေးလုပ်ဆောင်မှာ မဟုတ်ပါဘူး။ ပြီးတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ ယူကရိန်းကို အခိုင်အမာထောက်ခံကြောင်း ပြောခဲ့ကြပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း ၎င်းသည် အမေရိကန်သမ္မတရွေးကောက်ပွဲ၏ ရလဒ်က ယူကရိန်းအတွက် ထောက်ခံမှုများအပေါ် မည်ကဲ့သို့ သက်ရောက်မှုများရှိမည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ ဒီမိုကရက်တစ်ပါတီဝင်ဖြစ်သော အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတည်းက ယူကရိန်းသို့ စစ်ရေးအကူအညီ နှင့် ဘဏ္ဍာရေးအကူအညီ များစွာကို ပေးပို့ခဲ့ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေများကို ရီပတ်ဘလစ်ကန်ပါတီဝင်များ ကြီးစိုးထားသည့် အောက်လွှတ်တော်က ထိန်းချုပ်ထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်လွတ်လပ်ရေးက စစ်ပွဲကို ဆိုလိုခြင်းဖြစ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ