ကျောက်မဲတိုးဂိတ်၌ မီးလောင်သေဆုံးနေသည့် အလောင်း(၄)လောင်းတွေ့ရှိ
NSS - နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ ကျောက်မဲတိုးဂိတ်၌ မီးလောင်သေဆုံးနေသည့် အလောင်း(၄)လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါအလောင်းများကို ယနေ့(နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများကပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း၌ တပ်မတော်နှင့် TNLA တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးကျတာလို့ယူဆတယ်။ ဟိုဘက်နဲ့ဒီဘက်က ပစ်ခတ်မှုတွေကလည်းဖြစ်နေတာလေ ဘယ်ဘက်ကပစ်လို့ ကျတာလဲတော့ မသိဘူး။ ပျက်စီးမှုတွေလည်းများတယ်။ ကုန်ကားတွေလည်း မီးလောင်သွားတယ်”ဟု ကျောက်မဲတိုးဂိတ်အနီး နေထိုင်သူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် ကျောက်မဲတိုးဂိတ်အဆောက်အအုံ မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ပျက်စီးမှုနှင့်အတူ မီးလောင်သေဆုံးသူနေသည့် ရုပ်အလောင်း(၄)လောင်းတွေ့ရှိခဲ့ရာ အဆိုပါရုပ်အလောင်းများကို ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် ပရဟိတအသင်းများက လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“မီးလောင်သေဆုံးတာက (၄)ယောက်ရှိတယ်။ ပရဟိတအသင်းတွေက လာသယ်သွားတယ်၊ အမျိုးသားလား အမျိုးသမီးလားခွဲလို့မရဘူး။ တစ်ကိုယ်လုံးမီးတွေလောင်ထားတာ။ အခုတော့ သူတို့နဲ့ပတ်သက်တာတွေ ဆက်ပြီးစုံစမ်းနေတယ်လို့သိရတယ်”ဟု အထက်ပါ ဒေသခံသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
ပြီးခဲ့သောရက်ပိုင်းများအတွင်း ကျောက်မဲမြို့နှင့်တစ်ဝိုက်၌ တပ်မတော် နှင့် TNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသောစစ်ပွဲက အစ္စရေး၏ စီးပွားရေးအပေါ် ထိခိုက်မှုများရှိလာစေနိုင်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း