ဟားမက်လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသောစစ်ပွဲက အစ္စရေး၏ စီးပွားရေးအပေါ် ထိခိုက်မှုများရှိလာစေနိုင်
Pika (NSS) - နိုဝင်ဘာ ၂၈
ပါလက်စတိုင်းလက်နက်အဖွဲ့ ဟားမက်နှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် အစ္စရေးနိုင်ငံသည် တစ်ရက်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ(၂၆၉)သန်း ကုန်ကျနေပြီး ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများထက် နိုင်ငံ၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်နိုင်ဖွယ်ရှိနေကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်များကို ကိုးကားပြီး အဆင့်သတ်မှတ်ရေးအေဂျင်စီ Moody’s က ဖော်ပြခဲ့သည်။
ထို့အပြင် အဆိုပါစစ်ပွဲ၏ အားလုံးပေါင်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ(၅၃ ဒသမ ၅) ဘီလျံထိ ကုန်ကျ နိုင်ပြီး နိုင်ငံ GDP ၏ (၁ဝ) ရာခိုင်နှုန်းနီးပါး ရှိနေကာ အစ္စရေးနိုင်ငံ၏ စီးပွားရေးအနာဂတ်ကို ခြိမ်းခြောက်နေကြောင်း Moody’s အစီရင်ခံစာတွင် ဖော်ပြထားသည်။
Moody’s အကြီးတန်းဒုဥက္ကဋ္ဌ Kathrin Muehlbronner က "စီးပွားရေးအပေါ် ထိခိုက်မှုမှန်သမျှဟာ စစ်ရေးပဋိပက္ခ ရဲ့ကြာမြင့်ချိန်ပေါ်သာမက အစ္စရေးပြည်တွင်းလုံခြုံရေး အခြေအနေတွေအတွက် ရေရှည်အလားအလာတွေ အပေါ်ကိုလည်း မူတည်နေပါတယ်" ဟု ပြောခဲ့သည်။
အစ္စရေးနိုင်ငံအတွက် စီးပွားရေးအရ တုန်လှုပ်ခြောက်ခြားမှုအများစုသည် ရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်း၊ အလုပ်သမားဈေးကွက်ပျက်စီးမှုများ နှင့် ကုန်ထုတ်လုပ်မှု တိုးတက်မှုနှေးကွေးလာခြင်းတို့ကြောင့်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးပြောဆိုခဲ့သည်။
Kathrin Muehlbronner က "မသေချာမရေရာမှုတွေ အရမ်းမြင့်မားလာတဲ့အချိန်မှာ စီးပွားရေးအပေါ် အကျိုး သက်ရောက်မှုတွေဟာ စစ်ရေးပဋိပက္ခနဲ့အကြမ်းဖက်မှုတွေရဲ့အစောပိုင်းကာလထက် ပိုမိုပြင်းထန်လာမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသော စစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးသည် ယခင်က လုပ်ဆောင်ခဲ့ဖူးသော စစ်ဆင်ရေးများဖြစ်သည့် ၂ဝ၁၄ ခုနှစ်က လုပ်ဆောင်ခဲ့သော Protective Edge စစ်ဆင်ရေး (သို့မဟုတ်) ၂ဝဝ၆ ခုနှစ်ကဖြစ်ပွားခဲ့သော လက်ဘနွန်စစ်ပွဲတို့ထက် များစွာပိုမိုမြင့်မားလာနိုင်ကြောင်း Moody’s က ဖော်ပြခဲ့သည်။
၂ဝဝ၆ ခုနှစ်တွင် အစ္စရေးနှင့်လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားခဲ့သော စစ်ပွဲသည် (၃၄) ရက်ကြာမြင့်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၂ ဒသမ ၅) ဘီလျံခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲများအတွက် အမေရိကန်ဒေါ်လာကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ရုရှားအစိုးရပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ