PDF အဖွဲ့က အထက်တန်းပြဆရာမကို ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့မှု ရေစကြိုမြို့နယ်တွင်ဖြစ်ပွား
ကျော် (NSS) - နိုဝင်ဘာ ၂၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF အဖွဲ့ဝင်များက ကျောင်းဆရာမတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လည်လှီး၍သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့ (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယနေ့၊ နံနက် ၁ နာရီကျော်ခန့်က PDF အဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာနေ အထက်တန်းပြဆရာမဒေါ်မာစီ၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာပြီးနောက် အထက်တန်းပြဆရာမဒေါ်မာစီအား နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့စစ်ဆေးရသလောက် အသတ်ခံရတဲ့ဆရာမက ဆက်မရဲကျေးရွာက အထက်တန်းကျောင်းမှာတာဝန်ကျနေတဲ့ အထက်တန်းပြဆရာမဒေါ်မာစီပါ။ မနက်ပိုင်းမှာ အိမ်ကနေဖမ်းခေါ်သွားပြီး သတ်ဖြတ်ခံရတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
PDF အဖွဲ့ဝင်များသည် အထက်တန်းပြဆရာမအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျေးရွာအထွက်ရှိ စက်လှေဆိပ်တွင် လက်ပြန်ကြိုးတုတ်၍ လည်ပင်းအားဓားဖြင့်လှီးဖြတ်ကာသတ်ဖြတ်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား လု ခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ဘောလုံးအဖွဲ့ချုပ်၌ကျင့်သုံးနေသည့် နည်းစနစ်များကို မြန်မာဘောလုံးနည်းပြများထံပြန်လည်မျှဝေ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း