Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း ‌ကျောင်းသားများအနေဖြင့် လုံခြုံရေးအရ ကျောင်းမတတ်နိုင်သည့်အခြေအနေများရှိနေ

Pearl (NSS) - နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း ‌ကျောင်းသားများအနေဖြင့် လုံခြုံရေးအရ ကျောင်းမတတ်နိုင်သည့် အခြေအနေများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 


ရခိုင်လက်နက်ကိုင်အဖွဲ့  ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ (၁၃)ရက်မှစ၍ ရခိုင်ပြည်နယ်၌ တကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။ 

လက်တလော စစ်ပွဲကာလအတွင်း၌ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး နှင့် စစ်တွေ စသည့် မြို့နယ်(၁၀)မြို့နယ်၌ စာသင် ကျောင်း ၁၂၀၀ ခန့်ပိတ်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေမှုများရှိနေသည်။ 

ထိုသို့ ရေးသားဖြန့်ဝေမှုများနှင့်ပတ်သက်၍   ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စာသင်ကျောင်းများပိတ်ထားမှုမရှိဘဲ ကျောင်းများပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်ဟု နစကဘက်က ပြန်လည်တုံ့ပြန်ထားသည်။ 

"စစ်တွေမှာ မနက်ကတောင် စာသင်ကျောင်းကို သွားတဲ့ကလေးတွေ တွေ့လိုက်သေးတယ်။ တခြားမြို့တွေမှာ ကိုယ်မြင်သလောက်တော့ ဖွင့်နိုင်မှာ မဟုတ်ဘူး။ ပညာရေးဘက်ကတော့ ပိတ်တာ မဟုတ်ဘူး။ ကျောင်းတတ်တဲ့ ကလေးတွေ  မသွားရဲတာ။ မိဘတွေ မလွှတ်ရဲတာပေါ့။ မြို့ပေါ်မှာ မနေရဲအောင် တစ်ဖက်က ဖိအားပေးတာတွေ ရှိတယ်။  မြောက်ဦးဘက်မှာကျတော့ မြို့ပေါ်မှာ မနေနဲ့ရှောင်ကြလို့ အဲဒီလိုမျိုးတွေ သတင်းလွှင့်တဲ့အခါကျ လူတွေက ကောလာဟလကြောင့် ရွာတွေဘက်ကို တိမ်းရှောင်နေကြတာတွေရှိတော့ ကျောင်းဘယ်တတ်နိုင်မလဲ။ အဲဒီလိုပုံစံမျိုးလေးတွေလည်းရှိတယ်"ဟု စစ်တွေမြို့ခံတစ်ဦးက NSS ကို ပြောသည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့၌ အခြေခံပညာကျောင်းများကို ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အခြားသောမြို့များ၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း လုံခြုံရေးအခြေအနေအရ လာရောက်ကျောင်းမတတ်နိုင်သည့် ကျောင်းသားများရှိနေသည့်အတွက် ကျောင်းပိတ်ထားရသည့်အခြေ အနေများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

"ပုဏ္ဏားကျွန်းမြို့မှာ အ.ထ.ကကျောင်း  (၂)ကျောင်း၊ မူလတန်းကျောင်း (၄)ကျောင်းရှိတယ်။ ခုတော့ ပိတ်ထားတယ်။ မိဘတွေက ကြောက်ပြီးတော့ ကျောင်းမပို့ရဲတာပါ"ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက NSS ကို ပြောသည်။ 

ဒေသခံများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပညာရေးနှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေသည့် သတင်းများကို မယုံကြည်ရန် နှင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို ဆက်လက်အားပေးရန် လိုအပ်ကြောင်း နစကမှ တိုက်တွန်းပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ၎င်းတိုက်ပွဲများကြောင့် ရေ‌ကြောင်း၊ ကုန်းကြောင်း လမ်းပန်းဆက်သွယ်ရေးသည်လည်း ပိတ်ဆို့ရပ်တန့်လျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PDF အဖွဲ့မှမိုင်းထောင်နေသည်ကို မြင်တွေ့ခဲ့သည့် ပလပ်စတစ်ကောက်သူ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရမှု ပျော်ဘွယ်မြို့နယ်၌ ဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved