အီရန်နိုင်ငံက glider technology နည်းပညာသုံး အသံထက်မြန်တဲ့ ဒုံးကျည်ထုတ်ဖော်ပြသ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ
အီရန်နိုင်ငံဟာ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ဒုံးကျည်တစ်စင်းကို နိုဝင်ဘာ ၁၉ ရက်က ထုတ်ဖော်ပြသလိုက်ကြောင်း သိရပါတယ်။
အီရန်နိုင်ငံရဲ့အသံထက်မြန်တဲ့ဒုံးကျည် ထုတ်ဖော်ပြသပွဲကို အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံဟာ အသံထက်မြန်တဲ့ဒုံးကျည်တဲ့ ဒုံးကျည်မှာ glider technology ကို အသုံးပြုထားပြီး အဲဒီနည်းပညာကို အသုံးပြုတဲ့နိုင်ငံအနည်းငယ်တွေထဲမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။
အီရန်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာအသံထက်မြန်တဲ့ ဒုံးကျည်နည်းပညာကို ပိုင်ဆိုင်တဲ့ စတုတ္တမြောက်နိုင်ငံ ဖြစ်လာခဲ့တယ်လို့ အီရန်မီဒီယာက ဖော်ပြထားပါတယ်။ အီရန်နိုင်ငံက ထုတ်ဖော်ပြသခဲ့တဲ့ဒုံးကျည်ဟာ အသံထက် မြန်နှုန်းနဲ့ ဒုံကျည်ကို ဝဲပျံပစ်လွှတ်နိုင်အောင် ဖန်တီးထားခြင်းဖြစ်ကြောင်း သိရပါတယ်။
အီရန်နိုင်ငံဟာ Fattah-2 အမည်ရှိ အသံထက်မြန်တဲ့ဒုံးကျည် ထုတ်ဖော်ပြသပွဲကို Ashura Aerospace Science and Technology တက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အသံထက်မြန်တဲ့ ဒုံးကျည်နဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည်ကို လူသိနည်းသေးပြီး၊ ပြီးခဲ့တဲ့ ၆ လက ထုတ်ဖော်စမ်းသပ်ခဲ့တဲ့ Fattah ဒုံးကျည်ကို ထပ်မံ မွမ်းမံထားခြင်းဖြစ်ဖွယ်ရှိနေပါတယ်။
ထွက်ပေါ်နေတဲ့သတင်းတွေအရမှု အီရန်နိုင်ငံက နောက်ဆုံးထုတ်ဖော်ပြသခဲ့တဲ့ အသံထက်မြန်တဲ့ဒုံးကျည်ဟာ အသံထက် ၁၃ ဆကနေ ၁၅ ဆအထိ မြန်တယ်လို့ဆိုပါတယ်။ အီရန်မီဒီယာတွေက လက်ရှိအချိန်မှာ ထုတ်ဖော် ပြသခဲ့တဲ့ Fattah အမည်ရှိ အသံထက်မြန်တဲ့ဒုံးကျည်တွေဟာ ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံပိုင်နက်ထဲကိုရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိမယ့် အသံထက်မြန်တဲ့ဒုံးကျည်တွေကို ထုတ်လုပ်ပိုင်ဆိုင်ရေးအတွက် နှစ်အတန်ကြာကြိုးပမ်းနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးမှုမရှိနိုင်ဟု ဗဟိုဘဏ် အပြည့်အဝအာမခံ၊ ငွေသားကို မလိုအပ်ဘဲထုတ်ယူနေပါက ရာခိုင်နှုန်းတစ်ရပ်ပေး၍ လဲလှယ်ရခြင်းမျိုး ပြန်ဖြစ်နိုင်ဟုသတိပေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ