Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးမှုမရှိနိုင်ဟု ဗဟိုဘဏ် အပြည့်အဝအာမခံ၊ ငွေသားကို မလိုအပ်ဘဲထုတ်ယူနေပါက ရာခိုင်နှုန်းတစ်ရပ်ပေး၍ လဲလှယ်ရခြင်းမျိုး ပြန်ဖြစ်နိုင်ဟုသတိပေး

မျိုးကြီး (NSS) - နိုဝင်ဘာ ၂၀

ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးမှုမရှိနိုင်ကြောင်း ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီး ငွေသားကို မလိုအပ်ဘဲထုတ်ယူနေပါက ရာခိုင်နှုန်းတစ်ရပ်ပေး၍ လဲလှယ်ရခြင်းမျိုး ပြန်ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်များ နှင့် ဗဟိုဘဏ်တို့၌ ငွေသားအလုံအလောက်ရှိပြီး မြန်မာ နိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System ကို အသုံးပြုနေကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ဘဏ်ခွဲတစ်ခုအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားပါက ပြည်သူများအနေဖြင့် အပ်ငွေပြန်လည် မရရှိခြင်းမျိုးမဖြစ်ပေါ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ပြန်လည်ရယူနိုင်ကြောင်း ၎င်းက ထပ်မံပြောသည်။

“ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆုံးရှုံးနိုင်ခြေများကို အခြေခံပြီး စောင့်ကြည့်ကြီးကြပ်နေတဲ့အတွက် အများပြည်သူရဲ့အပ်နှံငွေတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပြည့်အဝအာမခံပါတယ်”ဟု ဒေါက်တာလင်းအောင်က ပြောသည်။

ယခင်ဖြစ်စဉ်များအရ ကောလာဟလများကြောင့် ပြည်သူများအနေဖြင့် ဘဏ်များရှိ ငွေများကို အစုလိုက်အပြုံလိုက်ထုတ်ယူခဲ့မှုအပေါ် ဗဟိုဘဏ်က စီမံထိန်းကျောင်းကာ ပြန်လည် လည်ပတ်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုလွန်ကဲကာ ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူပါက အခက်အခဲများဖြစ်ပေါ်နိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုများကိုလည်း ပျက်ပြားစေနိုင်သည့်အတွက် အဖျက်သမားမီဒီယာများ၏ ရေးသားမှုများကို စဉ်းစားချင့်ချိန်ပြုမူဆောင်ရွက်ရန်လည်း ဒုဥက္ကဋ္ဌဒေါက်တာလင်းအောင်က အကြံပြုထားသည်။

ဆက်လက်ပြီး ဗဟိုဘဏ်ဒုဥက္ကဋ္ဌဒေါက်တာလင်းအောင်က “ယခင်ကလို မိမိငွေတွေကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာနိုင်ပါတယ်”ဟုလည်း သတိပေးပြောကြားသည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်း ပြည်သူများအနေဖြင့် ဘဏ်များရှိ ၎င်းတို့၏ ငွေများကို ငွေသားလက်ဝယ်ရှိသူများထံမှ (၅)ရာခိုင်နှုန်း၊ (၁၀)ရာခိုင်နှုန်းပေးဆောင်ကာ လဲလှယ်ရယူခဲ့ရသော အခြေအနေများ ရှိခဲ့ဖူးသည်။

လက်ရှိတွင် ဘဏ်များ၌ ငွေထုတ်ယူမှုများပြားနေသူများကို ဗဟိုဘဏ်၊ စသုံးလုံးတို့က အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဈေးကစားမှုများတွင် ပါဝင်ပတ်သက်နေပါက ထိရောက်စွာအရေးယူသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် ဘဏ်များထံမှ ပြည်သူများငွေထုတ်ယူရန် လှုံ့ဆော်ရေးသားသူ၊ ဝါဒဖြန့်နေသူများကိုလည်း အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စီစဉ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၌ မြေဆိပ်ဖြေဆေးထုတ်လုပ်ခြင်း နှင့် သွေးရည်ကြည် စုဆောင်းခြင်းစီမံချက်များကို ဘရာဇီးလ်နိုင်ငံနှင့် မကြာမီပူးပေါင်းဆောင်ရွက်မည်

RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved