မန္တလေးတိုင်း၌ ရောင်းချမည့် ငွေကျပ်သိန်း(၆၂၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ပင်လောင်းမြို့နယ်တွင် ဖမ်းမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း (၆၂၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီခွဲအချိန်တွင် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ မင်းမင်း(ခ)မျိုးကျော်သူဝင်း မောင်းကာ မသီတာလင်း နှင့် နိုင်လင်းတို့လိုက်လာသည့် HIACE ကားကို တားဆီးစစ်ဆေးခဲ့ရာ ငွေကျပ်သိန်း (၆၂၀၀) ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးချက်အရ နံနက် ၁၀ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး၌ ၎င်းစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ရှိုင်းမြတ်သူ(ခ)စိုင်းအွမ်နှင့် စိုင်းဝေမိုးအော(ခ)စိုင်းလုံတို့ကို AD VAN ကားတစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ သယ်ဆောင်လာခြင်းဖြစ်ပြီး မန္တလေးတိုင်းတွင် ရောင်းချမည်ဖြစ်ကြောင်းကိုလည်း စစ်ဆေးသိရှိရသည်။
ထို့ကြောင့် ၎င်းတို့(၅)ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်နေတဲ့ကြေးစားစစ်သားတွေ စစ်မြေပြင်ကနေ ထွက်ပြေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ