ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်နေတဲ့ကြေးစားစစ်သားတွေ စစ်မြေပြင်ကနေ ထွက်ပြေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂ဝ
ယူကရိန်းစစ်တပ်ကခေါ်ယူထားတဲ့ ကြေးစားစစ်သားတွေဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မြေပြင်တိုက်ပွဲအခြေအနေများကိုတွေ့ကြုံခဲ့ရပြီးနောက် ထွက်ပြေးခဲ့ကြောင်း ယူကရိန်းစစ်ဘက်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး Dmitry Kostyuk က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားစစ်ဘက်က ယူကရိန်းဟာ ရုရှားခံစစ်ကြောင်းတွေကိုထိုးဖောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့အခြားနိုင်ငံတွေက စစ်သားတွေကိုအသုံးပြုနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ယူကရိန်းနိုင်ငံ ဘာမွတ်ဒေ စစ်ပွဲတွေမှာ ကြေးစားစစ်သားတွေ ထွက်ပြေးတာမျိုးတွေရှိနေကြောင်း၊ စစ်ပွဲအတွင်း တွေ့ကြုံရတဲ့ အခြေအနေများကြောင့် စိုးရိမ်မှုတွေမြင့်တက်နေတဲ့အတွက် ထွက်ပြေးသွားခဲ့တာမျိုးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ကြေးစားစစ်သားအချို့ ထွက်ပြေးခဲ့ပေမယ့် ကြေးစားစစ်သားအချို့ကတော့ ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ စစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ယူကရိန်းဗိုလ်မှူးကြီး က ပြောပါတယ်။
ထွက်ပြေးသွားတဲ့ကြေးစားစစ်သားတွေနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဆိုထားမှုတွေကို ဖျက်သိမ်းသွားမှာဖြစ်ကြောင်း ယူကရိန်းစစ်ဘက်က ပြောပါတယ်။ ယူကရိန်းစစ်ဘက်ဟာ စစ်ပွဲမှာ ပါဝင်ဖို့ ယူကရိန်းနိုင်ငံသားတွေကို လူသစ် စုဆောင်းခဲ့ပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းစစ်ဘက်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိနေတဲ့အတွက် ယူကရိန်းနိုင်ငံသားတွေဟာ စစ်ပွဲထဲမှာ တိုက်ရိုက်ပါဝင်လိုခြင်းမရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ယူကရိန်းစစ်တပ်ဟာ စစ်ပွဲထဲ ပါဝင်လိုခြင်းမရှိတဲ့ ယူကရိန်းနိုင်ငံသားတွေကို စစ်မှုထမ်းဖို့ အတင်းကြပ်စုဆောင်းနေရာ တိုက်ပွဲဝင်ဖို့ တွန့်ဆုတ်နေ တဲ့စစ်သားတွေကို မွေးထုတ်ပေးနေတယ်လို့ ဝေဖန်သံတွေလည်း မြင့်တက်နေပါတယ်။
ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်နီးပါးရှိနေပြီး ရုရှားဟာ ယူကရိန်းပိုင်နက် လေးခုကို သိမ်းပိုက်ကာ ရုရှားနဲ့ပေါင်းစည်းဖို့ သဘောတူညီထားပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရရှိဖို့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့အကူအညီနဲ့တိုက်ခိုက်နေပေမယ့် မျှော်လင့် သလောက်အောင်မြင်မှုမရသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နိုင်ငံက glider technology နည်းပညာသုံး အသံထက်မြန်တဲ့ ဒုံးကျည်ထုတ်ဖော်ပြသ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ