ပယ်ရင်ချန်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်
ကျော် (NSS) - နိုဝင်ဘာ ၁၇
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ပယ်ရင်ချန်အား ဖမ်းဝရမ်းထုတ်ထားသည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ သတင်းမှားသာဖြစ်သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
ပယ်ရင်ချန်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးမှ ဥပဒေအရအရေးယူရန် ဖမ်းဝ ရမ်းထုတ်ခဲ့သည်ဟု နိုဝင်ဘာလ ၁၆ ရက်က လူမှုကွန်ယက်စာမျက်နှာများ၌ သတင်းများထွက်ပေါ်ခဲ့သည်။
ပယ်ရင်ချန်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ ယင်းအမှုများနှင့်ဆက်စပ်ကျူးလွန်သည့် လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကိုကျူးလွန်နေသဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုသို့ လူမှုကွန်ယက်စာမျက်နှာများ၌ ပျံနှံလျက်ရှိသည့် ပယ်ရင်ချန်အား ဖမ်းဝရမ်းထုတ်ခဲ့ခြင်းမှာ မှန်ကန်မှုမရှိဘဲ သတင်းမှားသာဖြစ်သည်ဟု နစက ကအသိပေးခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံဘက်မှလည်း ပယ်ရင်ချန်အား ဖမ်းဝရမ်းထုတ်ထားခြင်းမရှိကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့်တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်(မြီ)မိသားစုဝင် ၄ ဦးအား နိုဝင်ဘာလ ၁၆ ရက်နံနက်ပိုင်းက မြန်မာတပ်မတော်မှ လောက်ကိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ရာ ၁ ဦးသည် ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့်သေကြောင်းကြံစည်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သူ ၃ ဦးအား အဆိုပါနေ့ နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ကူညီနိုင်ဖို့အရာရာတိုင်း လုပ်ဆောင်သွားမယ်လို့ အီရန်စစ်ဦးစီးချုပ်တစ်ဦး ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ