ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ကူညီနိုင်ဖို့အရာရာတိုင်း လုပ်ဆောင်သွားမယ်လို့ အီရန်စစ်ဦးစီးချုပ်တစ်ဦး ပြော
ဂျန်ဇက် (NSS) - နိုဝငိဘာ ၁၇
အီရန်နိုင်ငံအနေနဲ့ အစ္စရေးစစ်ဖြစ်နေတဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကို ကူညီနိုင်ဖို့ အရာရာတိုင်း လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း အီရန်စစ်ဦးစီးချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အက်မီးလ် ကွာနီက ထုတ်ဖာ်ပြောဆိုလိုက်ပါတယ်။
အီရန်စစ်ဦးစီးချုပ်က "ဟားမက်စ်နဲ့ ကျွန်တော်တို့ဟာ ညီအစ်ကိုတွေဖြစ်တယ်။ ဟားမက်စ်အုပ်စုနဲ့အတူ စုစည်း ညီညွှတ်စွာအတူရပ်တည်သွားမယ်။ ဂါဇာဒေသအပြင် ပါလက်စတိုင်းတွေနဲ့ပတ်သက်ပြီး ရန်သူနိုင်ငံဖြစ်တဲ့ အစ္စရေးရဲ့ရည်မှန်းချက်တွေ မရရှိအောင် လုပ်ဆောင်သွားမယ်။ ရန်သူတွေ ရည်မှန်းချက်ပြည့်ဝစေဖို့ ခွင့်ပြုမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် အီရန်စစ်ဦးစီးချုပ်က "သမိုင်းဝင်တိုက်ပွဲအတွက် နိုင်ပွဲရရှိအောင် ဘာပဲဖြစ်ဖြစ် လုပ်ဆောင်မှာပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေဟာ ဟားမက်စ်အုပ်စုနဲ့အတူ တစ်သားတည်း စုစည်းညီညွတ်စွာရပ်တည်မှာပါ" လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ကွာနီဦးဆောင်တဲ့ Quds Force အဖွဲ့တွေဟာ အီရန်နိုင်ငံရဲ့ပြည်ပစစ်ဆင်ရေးအဖွဲ့ ဖြစ်ကြောင်း သိရပါတယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီဟာ အစ္စရေးနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် Quds Force အဖွဲ့ခေါင်းဆောင်က အခုလိုမျိုးပြောခဲ့တာပါ။ ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးကလည်း ငြင်းဆန်ခဲ့ပြီး မှန်ကန်မှုမရှိဘဲ လိမ်ညာတာတွေသာ ဖြစ်ကြောင်း ဆိုပါတယ်။
အီရန်အစိုးရဘက်ကတော့ အယာတိုလာခါမေနီရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှန်ကန်မှု ရှိမရှိဆိုတဲ့အချက်ကို မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်များနှင့်ပတ်သက်၍ သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်အရေးယူရန် ပူးပေါင်းစီစဉ်နေဟု ဗဟိုဘဏ်သတိပေး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ