ဘဏ်များနှင့်ပတ်သက်၍ သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်အရေးယူရန် ပူးပေါင်းစီစဉ်နေဟု ဗဟိုဘဏ်သတိပေး
မျိုးကြီး (NSS) - နိုဝင်ဘာ ၁၇
ဘဏ်များရှိ အပ်ငွေစာရင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ကြောင်း နှင့် သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်အရေးယူရန် ပြင်ဆင်နေကြောင်း ဗဟိုဘဏ်က ဆိုသည်။
ဘဏ်များနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်နေသော သတင်းအမှားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြန်လည်ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းအသိပေးခဲ့ခြင်းဖြစ်သည်။
လတ်တလော၌ လူမှုကွန်ရက်စာမျက်နှာများတွင် ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ဖော်ပြနေသောသတင်းများသည် မဟုတ်မမှန် သော သတင်းများသာဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။
ထို့ပြင် အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းအမှားများဖြစ်ကြောင်း သိရသည်။
ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပြီး ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူအပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာ သိရှိနိုင်သဖြင့် မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူနိုင်သည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။
အလားတူ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထပ်မံကြေညာထားသည်။
ထို့ကြောင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်သောပြစ်ဒဏ်များချမှတ်နိုင်ရေး တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်က သတိပေးထားသည်။
လက်ရှိတွင် ပြည်တွင်းရှိ ပုဂ္ဂိုလ်ဘဏ်များသည်လည်း အပ်ငွေစာရင်းဟောင်းများနှင့်ပတ် သက်၍ ကန့်သတ်ချက်မရှိထုတ်ယူနိုင်ကြောင်း ကြေညာထားသည်ကိုလည်း တွေ့ရှိရသည်။
တပ်မတော်သည် နိုင်ငံတော်တာဝန်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စတင်တာဝန်ယူစဉ်အချိန်တွင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ သတင်းအမှားများဖြင့် ထိုးနှက်တိုက်ခိုက်ခံရဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့က စာလာပစ်သွားသည်ဆိုသောသတင်းကြောင့် မန္တလေးကျောက်ဝိုင်း၌ ကျောက်အရောင်းအဝယ်ပြုလုပ်သူနည်းပါးနေ
RELATED POSTS
22 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း