ရန်ကုန်မြို့ရှိ Honey Nest Dj ဘားရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
မြူနစ် (NSS) - နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ Honey Nest Dj ဘားရှေ့တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်)၊ ည ၉ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကိုပြောသည်။
“ဘားရဲ့အရှေ့ အုတ်တံတိုင်းဘေးမှာ ပေါက်ကွဲတာပါ။ အသံမိုင်းပေါက်ကွဲတာပါ။ လူထိခိုက်တာ၊ ဘာညာ မရှိပါဘူး” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ခပ်စိတ်စိတ်ပြန်လည်ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သော အောက်တိုဘာလ ၁၀ ရက်ညပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်ဥပဒေရုံးအရှေ့တွင် ဗုံးပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထီးချိုင့်မြို့ကို တပ်မတော် ပြန်လည်ထိန်းချုပ်ပြီးနောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ