ထီးချိုင့်မြို့ကို တပ်မတော် ပြန်လည်ထိန်းချုပ်ပြီးနောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်
ကျော် (NSS) - နိုဝင်ဘာ ၁၄
KIA နှင့် PDF အဖွဲ့များဝင်ရောက်နေရာယူထားသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အား လုံခြုံရေးအဖွဲ့ဝင်များက နိုဝင်ဘာလ ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပြည်သူများအန္တရာယ်မဖြစ်စေရန် မိုင်းများကို ရှင်းလင်းပေးခဲ့ကြကြောင်း နစကမှထုတ်ပြန်ခဲ့သည်။
ထီးချိုင့်မြို့အား KIA နှင့် PDF အဖွဲ့ဝင်များက နိုဝင်ဘာလ ၉ ရက်မှစတင်၍ အင်အားအလုံးအရင်းဖြင့်ဝင်ရောက် နေရာယူခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဝင်ရောက်နေရာယူပြီးနောက် မြို့နှင့်အနီးဝန်းကျင်မှ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့်ဌာနဆိုင်ရာအဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းများပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦးများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်၍ လုံခြုံရေးစစ်ကြောင်းများအား ပစ်ခတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦးများကြား နှင့် ပြည်သူများသွားလာသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ၍ ပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးပြုလုပ်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ထီးချိုင့်မြို့အား လုံခြုံရေးအဖွဲ့ဝင်များက နိုဝင်ဘာလ ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့သည်။
လုံခြုံရေးအဖွဲ့ဝင်များမှ တိုက်ခိုက်မှုကြောင့် KIA နှင့် PDF အဖွဲ့ဝင်များသည် ထီးချိုင့်မြို့မှထွက်ပြေးချိန်လူနေအိမ်များနှင့်ဌာနအဆောက်အဦးများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်သွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ထီးချိုင့်မြို့အား ပြန်လည်ထိန်းချုပ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်နိုင်စေရန် အပျက်အစီးများကို ရှင်းလင်းခြင်း၊ ပျက်စီးနေသည့် စာသင်ကျောင်းများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းများရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်အတွင်း၌ လုံခြုံရေးအဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ပြီး KIA နှင့် PDF အဖွဲ့ဝင်များထံမှ လက်နက်ကြီး၊ သေနတ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ ရုပ်အလောင်းအချို့ နှင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၌ စစ်ပွဲပြန်လည်ဖော်ဆောင်သော AA အဖွဲ့ကို ကြည်း၊ ရေ ပူးပေါင်းကာ စစ်ဆင်ချေမှုန်းနေဟု နစကဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ