ရခိုင်ပြည်နယ်၌ စစ်ပွဲပြန်လည်ဖော်ဆောင်သော AA အဖွဲ့ကို ကြည်း၊ ရေ ပူးပေါင်းကာ စစ်ဆင်ချေမှုန်းနေဟု နစကဆို
မြူနစ် (NSS) - နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၌ စစ်ပွဲပြန်လည်ဖော်ဆောင်သော AA လက်နက်ကိုင်အဖွဲ့ကို တပ်မတော် ကြည်း၊ ရေ ပူးပေါင်းကာ စစ်ဆင်ချေမှုန်းနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်)တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောဆိုစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ယမန်နေ့(နိုဝင်ဘာလ ၁၃ ရက်) နံနက်အစောပိုင်းတွင် ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုသည်။
“ရခိုင်ဘက်မှာတော့ နယ်ခြားစောင့်ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို မနက် ၅ နာရီလောက်က AA အနေနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်တာမျိုး ဆောင်ရွက်ခဲ့တာရှိတယ်။ ကျွန်တော်တို့အနေနဲ့ ကြည်း၊ ရေ ပူးပေါင်းစစ်ဆင်ပြီး ချေမှုန်းလျက်ရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် AA လက်နက်ကိုင်အဖွဲ့သည် မင်းပြားမြို့နယ် နှင့် မြောက်ဦးမြို့နယ်တို့ရှိ လုံခြုံရေးစခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့သည် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီနယ်ခြားစောင့်ကင်းစခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရေးသားပြောဆိုမှုများရှိနေသော်လည်း ၎င်းသတင်းအချက်အလက်နှင့်ပတ်သက်၍ NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ရေကြောင်း၊ ကုန်းကြောင်းလမ်းပိုင်းများသည် ရပ်တန့်ပိတ်ဆို့သွားပြီဖြစ်ကြောင်းသိရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း ပြည်သူလူထုအနေဖြင့် ခံစားနေရလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ