စင်ကာပူနိုင်ငံ၊ Geylang မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်ပွား
ရောင်နီ (NSS) - နိုဝင်ဘာ ၁၃
စင်ကာပူနိုင်ငံ၊ Geylang မှာ တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၁၂ ရက်)က အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ဓားကိုင်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တိုက်ခိုက်သူ အမျိုးသားကို ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ တရုတ်သတင်းဌာန Lianhe Zaobao က ဖော်ပြထားပါတယ်။
စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) နဲ့ ရဲတပ်ဖွဲ့တို့က တနင်္ဂနွေနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ ည ၈ နာရီ ၁၅ မိနစ်ခန့်မှာ 38 Lorong 25 Geylang အနီး ခိုက်ရန်ဖြစ်ပွားမှုအကြောင်း သတင်းပေးချက် လက်ခံရရှိခဲ့ပါတယ်။ တရုတ်သတင်းဌာန Lianhe Zaobao ရဲ့ အဆိုအရ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့ ရန်ဖြစ်တိုက်ခိုက်နေကြတာဖြစ်ပြီး အာဏာပိုင်တွေ ရောက်ရှိလာချိန်မှာတော့ နှစ်ဖက်စလုံးအင်္ကျီဗလာ၊ ဖိနပ်ဗလာနဲ့ ဖြစ်နေခဲ့ပါပြီ။
အသက် ၃၂ နှစ်အရွယ် အမျိုးသားက အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ဓားနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရဲအရာရှိတွေက ဆိုပါတယ် ။ အသက် ၄၆ နှစ်အရွယ် အမျိုးသားကတော့ ဒဏ်ရာတွေနဲ့ သတိလစ်သွားခဲ့ပြီး လက်နက်ကိုင်အမျိုးသားကိုတော့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက အမှုကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီပါဝလီ ပွဲတော်ပြီးနောက် အိန္ဒိယနိုင်ငံရဲ့ မြို့(၃)မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပြ ၁၀ ခုထဲ ပါဝင်လာ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း