ဒီပါဝလီ ပွဲတော်ပြီးနောက် အိန္ဒိယနိုင်ငံရဲ့ မြို့(၃)မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပြ ၁၀ ခုထဲ ပါဝင်လာ
ရောင်နီ(NP News) - နိုဝင်ဘာ ၁၃
ဒီပါဝလီ ပွဲတော်ကြီးပြီးနောက် တနင်္လာနေ့(နိုဝင်ဘာလ ၁၃ ရက်) မှာတော့ အိန္ဒိယနိုင်ငံရဲ့ မြို့ကြီး (၃)မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ပြ ၁၀ မြို့ထဲ ပါဝင်လာခဲ့ပါတယ်။
နှစ်စဉ် မီးရှူးတန်ဆောင်များနဲ့ စည်စည်ကားကား ကျင်းပပြုလုပ်တဲ့ ဟိန္ဒူမီးထွန်းပွဲတော်(ဒီပါဝလီပွဲ) ကျင်းပပြုလုပ်ပြီး တစ်ရက်အကြာမှာ လေထုညစ်ညမ်းမှု ဖြစ်လာခဲ့တာပါ။ မြို့တော်နယူးဒေလီဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေမှာ မကြာခဏဆိုသလို ပါဝင်ခဲ့သလို ယခုလည်း ၎င်းရဲ့ လေထုအရည်အသွေးညွှန်းကိန်း AQI 407 နဲ့ ထိပ်ဆုံးမှ ပါဝင်ခဲ့ပါတယ်။
ဒါကြောင့် အဆိုပါမြို့ဟာ အန္တရာယ်ရှိ လေထုအမျိုးအစားဖြစ်တယ်လို့ IQAir က ဆိုပါတယ်။ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းကတော့ AQI အဆင့် 157 နဲ့ အဆင့်ခြောက်နေရာမှာရှိပြီး အရှေ့ဘက်မြို့ ကာလကတ္တားကတော့ AQI အဆင့် 154 နဲ့ အဆင့်ခုနစ်မှာ ရပ်တည်နေပါတယ်။
AQI အဆင့် 400 မှ 500 ဟာ ရောဂါအခံရှိသူတွေကို အန္တရာယ်ဖြစ်စေနိုင်ပြီး အဆင့် 150 မှ 200 ဟာ ပန်းနာရင်ကျပ်၊ အဆုတ်နဲ့ နှလုံးပြဿနာရှိသူတွေကို မသက်မသာဖြစ်စေတယ်လို့ သတ်မှတ်ထားပါတယ်။ အာဏာပိုင်တွေက မြို့တော်မှာ မီးရှူးမီးပန်း ပစ်ခြင်းကို တားမြစ်ထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ လွိင်ကော်ဒေသ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း