Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အသက် (၈၆) နှစ်အရွယ်ရှိ အဘွားအိုကို ထိုးကြိတ်ရိုက်နှက်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ် (၁၃)လ ပြစ်ဒဏ်ချမှတ်

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂

စင်ကာပူတရားရုံးသည် အသက် (၈၆)နှစ်အရွယ်ရှိ အဘွားအိုကို ထိုးကြိတ်ရိုက်နှက်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ထောင်ဒဏ် (၁၃)လ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။


စင်ကာပူအိမ်ရှင် တစ်ဦးဖြစ်သူ Xue ဆိုသူက မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် အသက် ၃၂နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဦးဝင်းကြည်ဆိုသူကို ငှားရမ်းခဲ့ကြောင်း၊ အသက် ၈၆ နှစ်အရွယ်ရှိ ၎င်း၏မိခင်ဖြစ်သူသည် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလတွင် လေဖြတ်သွားခဲ့ပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေသည့် အတွက် အိပ်ယာပေါ်တွင် နေထိုင်နေရသူဖြစ်ကြောင်း ပြောသည်။ မိခင်ဖြစ်သူလေဖြတ်သွားခဲ့ပြီးနောက်လအနည်းငယ်အကြာတွင် မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံသားကို ငှားရမ်းခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံသား ဦးဝင်းကြည်သည် မိခင်ဖြစ်သူကို ကိုယ်ထိလက်ရောက်ရိုက်နှက်ညှင်းပန်းမှုများရှိခဲ့ကြောင်း သမီးဖြစ်သူ Xue ကပြောသည်။

မိခင်ဖြစ်သူ၏ ခန္ဒာကိုယ်တွင်ဒဏ်ရာများတွေ့ရှိခဲ့ပြီးနောက် ဦးဝင်းကြည်ကို မေးမြန်းချိန်တွင်လည်းအကြောင်းအမျိုးမျိုးပြသနေခဲ့ကြောင်း၊ မိခင်ဖြစ်သူဒဏ်ရာများရရှိခြင်းနှင့်ပတ်သက်ပြီး CCTV  မှတ်တမ်းများကို ပြန်လည်ကြည့်ရှုခဲ့ရာတွင် ဦးဝင်းကြည်သည် မိခင်ဖြစ်သူကို ထိုးကြိတ်မှုများလုပ်ဆောင်ခဲ့သည်ကိုတွေ့ရှိခဲ့ရပြီးနောက် အမှုဖွင့်တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။

၎င်းက "ကျွန်မရဲ့အစ်ကိုဖြစ်သူဟာ မိခင်ဖြစ်သူရဲ့ ခန္ဒာကိုယ်မှာမကြာခဏ ဒဏ်ရာတွေ တွေ့မြင်ခဲ့ရပြီးနောက် မိခင်ဖြစ်သူအခန်းအတွင်းတပ်ဆင်ထားတဲ့ CCTV ကို ကြည့်ရှုစစ်ဆေးခဲ့တယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံသား ဦးဝင်းကြည်ဟာ မိခင်ဖြစ်သူကို ညှင်းပန်းတာမျိုး၊ ထိုးကြိတ်တာမျိုးတွေ မြင်ခဲ့ရတယ်။ ဒါကြောင့် ချက်ချင်းရဲခေါ်ခဲ့တယ်"ဟု ပြောသည်။

စင်ကာပူတရားရုံးသည် မြန်မာနိုင်ငံသားဦးဝင်းကြည်ကို စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းကိုယ်တိုင် အပြစ်များကိုဝန်ခံထားကြောင်း ဆိုသည်။ ထို့အတွက်ကြောင့် စင်ကာပူတရားရုံးသည် အဘွားအို၏မျက်နှာကို ထိုးကြိတ်မှုအပါအဝင် ရိုက်နှက်မှုများလုပ်ဆောင်ခဲ့သောမြန်မာနိုင်ငံသား ဦးဝင်းကြည်ကို ထောင်ဒဏ် ၁၃ လ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကွမ်းလုံမြို့၌တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ နှစ်ပေါင်း(၆၀)နီးပါးသက်တမ်းရှိ ကွမ်းလုံကြိုးတံတား ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved