ရှမ်းပြည်နယ်အမတ်ဟောင်းနှစ်ဦးအပါအဝင် အွန်လိုင်းလိမ်လည်မှုတွေရဲ့အဓိကခေါင်းဆောင် လေးဦးနဲ့ ပတ်သက်ပြီး သတင်းပေးသူကို ဆုကြေးပေးမယ်လို့ တရုတ်အာဏာပိုင်များသတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
တရုတ်အစိုးရဟာ ရှမ်းပြည်နယ် လွှတ်တော်အမတ်ဟောင်းနှစ်ဦးအပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်နေတဲ့ ဂိုဏ်းများရဲ့အဓိကအရေးပါဆုံး ခေါင်းဆောင်လေးဦးကို ဖမ်းဝရမ်းထုတ်လိုက်ပြီး သတင်းပေးသူကို ဆုကြေးငွေပေးသွားမယ်လို့ တရုတ်သတင်းဌာနက ဖော်ပြထားပါတယ်။
တရုတ်သတင်းဌာနရဲ့ဖော်ပြချက်အရ တရုတ်အစိုးရဟာ အသက် ၆၉ နှစ်အရွယ်ရှိ Ming Xuechang ၊ အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Ming Julan၊ အသက် ၂၇နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သူ Ming Zhenzhen နဲ့ အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသားဖြစ်သူ Ming Guoping တို့ကိုဖမ်းဝရမ်းထုတ်ပြန်လိုက်တာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါလေးဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကျူးလွန်နေတဲ့ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများနဲ့ပတ်သက်ပြီး အဓိကရာဇဝတ်ဂိုဏ်းခေါင်းဆောင်လေးဦးဖြစ်ကြောင်း တရုတ်အစိုးရ ဆိုပါတယ်။ ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာပါဝင်သူ နှစ်ဦးဖြစ်တဲ့ Ming Xuechang နဲ့ Ming Guoping ဆိုသူတို့ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါင်းဆောင်ကော်မတီရဲ့အဖွဲ့ဝင်ဟောင်းတွေဖြစ်သလို ရှမ်းပြည်နယ်လွှတ်တော်အမတ်ဟောင်းတွေလည်းဖြစ်ကြောင်း သိရပါတယ်။
Ming Xuechang ဦးဆောင်တဲ့ရာဇဝတ်ဂိုဏ်းဟာ နှစ်အတန်ကြာ အွန်လိုင်းမှတဆင့်လိမ်လည်မှုများကို ကျူးလွန်ခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားကာလိမ်လည်မှုကျူးလွန်နေကြောင်း ဆိုပါတယ်။ တရုတ်အစိုးရဟာ ၎င်းတို့ကို ဖိအားပေးခဲ့ပေမယ့် Ming Xuechang ဦးဆောင်တဲ့ရာဇဝတ်ဂိုဏ်းဟာ ၎င်းတို့ရဲ့လိမ်လည်မှုကျူးလွန်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ ငြင်းဆန်ခဲ့ပြီး အွန်လိုင်းကတဆင့်လိမ်လည်တဲ့ တရားမဝင်ရာဇဝတ်လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း တရုတ်သတင်းမှာဖော်ပြထားပါတယ်။
တရုတ်အာဏာပိုင်များအနေနဲ့လက်ရှိအချိန်မှာ အဆိုပါ လေးဦးကို ရှာဖွေနေကြောင်း တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရဲ့ပြည်သူ့လုံခြုံရေးဌာနဟာ ၎င်းတို့လေးဦးကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးမယ့်သူကို ဆုကြေးငွေပေးသွားမယ်လို့ ဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌ စက်သုံးဆီ(၁)လစာ အရန်အမြဲရှိကြောင်းနှင့် ဆီတင်သင်္ဘော (၁၅)စင်း ထပ်မံရောက်ရှိလာမည်ဟု နစက အသိပေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း