ပုဏ္ဏားကျွန်းမြို့ရှိ ရန်ကုန်-စစ်တွေကားလမ်းပေါ်၌ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရမှုဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်ဝင်တိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO)ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်)၊ ည ၈နာရီဝန်းကျင်တွင် ပုဏ္ဏားကျွန်းမြို့၊ စီးပွားရေးဘဏ်ရှေ့၊ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့လူက ကားလမ်းပေါ်မှာ လမ်းလျှောက်နေတာကို ဆိုင်ကယ်နဲ့ဝင်တိုက်မိတာ။ တိုက်မိပြီးဆိုင်ကယ်သမားက မောင်းပြေးသွားတာ”ဟု ပုဏ္ဏားကျွန်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးလူငယ်အသင်း(PDYO)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၇)နှစ်အရွယ် အမျိုးသားတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဝဲပေါင်ကျိုးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ လူကနည်းနည်းတော့ စိုးရိမ်ရတယ်။ ဆိုင်ကယ်နဲ့တိုက်ပြေးတဲ့လူကိုတော့ အတိုက်ခံရတဲ့လူရဲ့မိသားစုတွေက အမှုဖွင့်ထားတယ်။ အခုတော့ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုသားအား ပုဏ္ဏားကျွန်းမြို့နယ်ဖွံဖြိုးတိုးတက်ရေးလူငယ်အသင်း(PDYO)မှ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရသူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ငွေကြေးများထောက်ပံ့
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း