ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရသူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ငွေကြေးများထောက်ပံ့
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
ကုလသမဂ္ဂအဖွဲ့ဟာ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် အမေရိကန်ဒေါ်လာ (၁)သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ (OCHA) ကဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ လူဦးရေ (၂)သန်းကျော်ဟာ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အများစုက အကြိမ်ကြိမ် ရွှေ့ပြောင်းတိမ်းရှောင်နေရတဲ့အတွက် အဲဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ တစ်ကြိမ်ထပ်တစ်ကြိမ် ပိုမိုကျဆင်းလာနေကြောင်း ကုလသမဂ္ဂအဖွဲ့ကဆိုပါတယ်။ အောက်တိုဘာ လ ၂၆ ရက်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား ဖြစ်ပွားနေတဲ့ပြင်းထန်တဲ့ တိုက်ပွဲများကြောင့် လူဦးရေ ၅၀၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းဆိုပါတယ်။
လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်နဲ့ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေ တောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မီဖို့ များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ် ချက်ရဲ့ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ကုလသမဂ္ဂအဖွဲ့က လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်အပြင် မိုခါမုန်တိုင်း တုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေ တောင်းခံလွှာ နှစ်ရပ်စလုံးမှာရန်ပုံငွေပြည့်မီဖို့ များစွာလိုအပ်နေသေးတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့၌ လူငယ်(၂)ဦးမောင်းနှင်လာသောကားကို စစ်ဆေးစဉ် ကျပ်သိန်း(၄၀၀၀)ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း