တာချီလိတ်မြို့၌ လူငယ်(၂)ဦးမောင်းနှင်လာသောကားကို စစ်ဆေးစဉ် ကျပ်သိန်း(၄၀၀၀)ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် လူငယ်(၂)ဦးမောင်းနှင်လာသောကားကို စစ်ဆေးစဉ် ငွေကျပ်သိန်း(၄၀၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၀ ရက်)၊ နံနက် ၁၀ နာရီအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၄)လမ်းပေါ်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်တွင် စိုင်းမင်းဦး(၂၅)နှစ်မောင်းနှင်ပြီး အိုက်နော်ခမ်း(၂၀)နှစ်လိုက်ပါလာသည့် CROWN ကားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ်သိန်း (၄၄၀၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄ ကီလိုနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲတွင် ကျိုင်းလပ်မြို့၊ ရပ်ကွက်(၃)ရှိ နေအိမ်၌ အဆိုပါမူးယစ်ဆေးဝါးများ ရောင်းချသူ မအီထောင်ရှဲန်(၂၂)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှလမ်းမကြီး၌ တွဲကားစလစ်ဖြစ်ကာ (၆)ဘီးကားအား ဝင်တိုက်မိမှုကြောင့် အမျိုသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ