အာရှလမ်းမကြီး၌ တွဲကားစလစ်ဖြစ်ကာ (၆)ဘီးကားအား ဝင်တိုက်မိမှုကြောင့် အမျိုသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိ
သန့်ဇင်(NSS) - နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးတွင် တွဲကားစလစ်ဖြစ်ကာ (၆)ဘီးကားအား ဝင်တိုက်မိမှုကြောင့် အမျိုသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပုလဲဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(နိုဝင်ဘာလ ၁၁ ရက်)၊ ညနေ ၃နာရီခွဲတွင် ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီး၊ ကော့နွဲအကွေ့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြဝတီကဆင်းလာတဲ့ ၂၂ ဘီးကားက လမ်းပေါ်မှာမိုးရွာထားတော့ စလစ်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောမှာရှိတဲ့ (၆)ဘီးကားကို ဝင်တိုက်မိတာ။ ဒီနေ့က အဲဒီမှာ မိုးကလဲတော်တော်ရွာထားတာပါ”ဟု ပုလဲဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မုံရွာမြို့တွင်နေထိုင်သည့် အသက်(၃၀)ဝန်းကျင် (၆)ဘီးကားယာဉ်မောင်းအမျိုးသားတွင် ဝဲခြေသလုံးရိုး ကျိုးဒဏ်ရာ၊ ညာလက်ပွန်းရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာများတာက (၆)ဘီးကားက အမျိုးသားပေါ့။ (၂၂)ဘီးကားထဲမှာလဲ အမျိုးသားတစ်ဦး ညပ်နေသေးတယ်။ သူကတော့ ပွန်းပဲ့လောက်ပဲဖြစ်တာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုသားအား ပုလဲဖြူလူမှုကူညီရေးအသင်းမှ ကော့ကရိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေမှုများကို ရပ်တန့်ဖို့ အစ္စရေးကို ပြင်သစ်သမ္မတ တိုက်တွန်းတောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ