ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေမှုများကို ရပ်တန့်ဖို့ အစ္စရေးကို ပြင်သစ်သမ္မတ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
ပြင်သစ်သမ္မတ မက်ခရွန်က အစ္စရေးနိုင်ငံအနေနဲ့ အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်တန့်ရမှာဖြစ်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဟားမက်စ်အဖွဲ့အပေါ်တိုက်ခိုက်တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေဟာ အကြောင်းပြချက်မရှိဘဲ သေဆုံးနေရကြောင်း ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အမြန်ဆုံးအပစ်ခတ်ရပ်စဲရမှာဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောပါတယ်။
ပြင်သစ်သမ္မတက "အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အကြောင်းပြချက်မရှိဘဲသေဆုံးနေရတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စစ်ပွဲရပ်ဖို့ အစ္စရေးနိုင်ငံကိုတောင်းဆိုရမယ်။ အခြားအနောက်အုပ်စုနိုင်ငံတွေလည်း စစ်ပွဲရပ်ဖို့ တောင်းဆိုမှုတွေမှာပါဝင်စေလိုတယ်"လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်ကတော့ "အစ္စရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိအောင် လုပ် ဆောင်နေတယ်။ အရပ်သားတွေကို တိုက်ပွဲနေရာတွေကနေ ထွက်ခွာဖို့လည်း ကြိုတင်သတိပေးထားတယ်။ ဟားမက်စ်အဖွဲ့တွေဟာ အရပ်သားတွေကို ဘေးကင်းဇုန်ကို ပြောင်းရွှေ့ဖို့ တားဆီးနေတယ်။ ဟားမက်စ်အဖွဲ့ဟာ လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်။ ပါလက်စတိုင်းပြည်သူတွေ သေဆုံးရခြင်းဟာ ဟားမက်စ်အုပ်စုမှာတာဝန်ရှိပါတယ်။ ဟားမက်စ်အုပ်စုဟာ လူပေါင်းများစွာကို ပြန်ပေးဆွဲထားဆဲဖြစ်ပါတယ်။ ဒါ့ပြင် စာသင်ကျောင်းတွေ၊ ဗလီတွေနဲ့ ဆေးရုံတွေကို အကြမ်းဖက်အဖွဲ့များအမိန့်ပေးစင်တာအဖြစ်အသုံးပြုနေတယ်"လို့ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားတိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူအနည်းဆုံး (၁)သောင်းကျော်သေဆုံးထားကြောင်းသိရပါတယ်။ ကုလသမဂ္ဂမအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့တောင်းဆိုနေပေမယ့် အစ္စရေးကငြင်းဆန်ထားပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရမှာမဟုတ်တော့ဘဲ အရေးယူဆောင်ရွက်ရတော့မှာဖြစ်ကြောင်း အီရန်သမ္မတပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း