ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရမှာမဟုတ်တော့ဘဲ အရေးယူဆောင်ရွက်ရတော့မှာဖြစ်ကြောင်း အီရန်သမ္မတပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခြင်းထက် အရေးယူဆောင်ရွက်ရမယ့်အချိန်ကို ရောက်ရှိလာနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်သမ္မတဟာ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ဆော်ဒီအာရေဗျနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမယ့် အာရပ်နိုင်ငံများအစည်းအဝေးကိုတက်ရောက်လာချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
၎င်းက "ဂါဇာဒေသစစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုရမှာမဟုတ်တော့ဘူး။ အရေးယူဆောင်ရွက်သင့်နေပါတယ်။ လက်ရှိအချိန်ဟာ အစ္စလာမ်မစ် နိုင်ငံအားလုံး စုစည်းညီညွတ်ဖို့အလွန်အရေးကြီးတယ်။" လို့ပြောပါတယ်။
အီရန်သမ္မတဟာ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံကြား ဆက်ဆံရေးပြတ်တောက်သွားခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာပြီးမှ ဆော်ဒီအာရေဗျနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အီရန် နဲ့ ဆော်ဒီအာရေဗျကြားသံတမန်ဆက်ဆံရေးပြန်ဖြစ်လာစေဖို့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
အီရန်သမ္မတက "အမေရိကန်ဟာ စစ်ပွဲကို လက်ရှိထက်ပိုမိုကျယ်ပြန့်မှာမလိုလားဘူးလို့ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီပြောဆိုချက်တွေနဲ့ အမေရိကန်လုပ်ရပ်တွေက ညီညွတ်မှုမရှိဘူး"လို့ပြောပါတယ်။ ဒါ့ပြင် ၎င်းက "ဂါဇာဒေသနဲ့ပတ်သက်ပြီးဖြစ်လာနိုင်မယ့် စစ်ပွဲအခြေအနေအားလုံးဟာ အမေရိကန်နိုင်ငံ လက်ထဲမှာရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ စစ်ပွဲကို လက်ရှိထက်ပိုမိုကျယ်ပြန်လာစေလိုသလား၊ ဒါမှမဟုတ် အပစ်ခတ်ရပ်စဲရေးလိုလားသလားဆိုတာ အမေရိကန်ဆုံးဖြတ်ရမှာပါ။ အမေရိကန်နိုင်ငံဟာ အပစ်ခတ်ရပ်စဲရေးကို တားဆီးနေတယ်။ ကမ္ဘာကြီးဟာ အမေရိကန်ရဲ့လုပ်ရပ်တွေကိုတွေ့မြင်နေတယ်"လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင်မြို့ပြင်ရှိ ပါစင်ကျော်ဒေသ၌ ပိတ်မိနေသည့် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများရှိနေ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း