Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းကို ရုရှားနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးဖို့ တွန်းအားပေးနေတယ်ဆိုတဲ့သတင်းတွေကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉

အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို ရုရှားနဲ့စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တွန်းအားပေးခြင်းများ မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အမေရိကန်နိုင်ငံဟာ ယူကရိန်းအစိုးရတာဝန်ရှိသူများနဲ့ တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်းကို ရုရှားနဲ့ဆွေးနွေးဖို့ တွန်းအားပေးနေတယ်လို့ သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဗီဒန့်ပါတယ်လ် က ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။


ယူကရိန်းသမ္မတ ဇီလန်စကီးကိုင်တိုင်ကလည်း ယူကရိန်းကို ကူညီထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုနိုင်ငံအချို့ဟာ ၎င်းတို့ကို ရုရှားနဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းသွားဖို့လိုလားနေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြောခဲ့ဖူးပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပါတယ်လ်က "ယူကရိန်းနဲ့ ရုရှားကြားစေ့စပ်ဆွေးနွေးမှုတွေဖြစ်လာမှာ မဟုတ်ဘူး။ ရုရှားအစိုးရကိုယ်တိုင်ကလည်း ယူကရိန်းနဲ့စေ့စပ်ဆွေးနွေးဖို့၊ စစ်ပွဲအအဆုံးသတ်ဖို့ စိတ်ဝင်စားမှုမရှိဘူး။ အမေရိကန်အစိုးရကိုယ်တိုင်ကလည်း ယူကရိန်းကို ရုရှားနဲ့စေ့စပ်ဆွေးနွေးဖို့ လုပ်ဆောင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။ 

ယူကရိန်းသမ္မတဇီလန်စကီးက "အနောက်အုပ်စုနိုင်ငံအချို့ရဲ့ခေါင်းဆောင်တွေရဲ့အကြံပေးတွေ၊ ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်တွေဟာရုရှားနဲ့ စေ့စပ်ဆွေးနွေးတာမျိုးတွေရှိနေတယ်။ အဲဒီသူတွေဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် စီမံခန့်ခွဲမှုလုပ်ဆောင်ဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။ 

ယူကရိန်းသမ္မတက ရုရှားတပ်ဖွဲ့တွေဟာ ၁၉၉၁ ခုနှစ်က သတ်မှတ်ထားတဲ့ ယူကရိန်းပိုင်နက်နယ်မြေအားလုံးက ပြန်မထွက်ဘူးဆိုရင် စေ့စပ်ဆွေးနွေးမှုတွေဖြစ်လာမှာ မဟုတ်ကြောင်း ဆိုပါတယ်။ 

ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအကူအညီပေးခဲ့ပေမယ့် ယူကရိန်းဟာ ရုရှားကို နိုင်အောင်တိုက်နိုင်ခြင်းမရှိကြောင်း သိရပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲ ၂ နှစ်နီးပါးအတွင်း  ယူကရိန်းပိုင်နက် နယ်မြေ လေးခုကို ထပ်မံသိမ်းယူခဲ့ကြောင်း သိရပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်တုန်းကလည်း ယူကရိန်းပိုင်နက်ဖြစ်တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ဖူးပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စိတ်ကျန်းမာရေးချို့တဲ့နေသည်ဟု ယူဆရသောအမျိုးသားတစ်ဦး ငှက်ပျောပင်ကို ပုဆိုးဖြင့်ချည်၍ ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved