စိတ်ကျန်းမာရေးချို့တဲ့နေသည်ဟု ယူဆရသောအမျိုးသားတစ်ဦး ငှက်ပျောပင်ကို ပုဆိုးဖြင့်ချည်၍ ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၉
နေပြည်တော်၊ ဇေယျသီရိမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည်ဟု ယူဆရသည့် အမျိုသားတစ်ဦး ငှက်ပျောပင်ကို ပုဆိုးဖြင့်ချည်၍ ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့(နိုဝင်ဘာလ ၈ ရက်)၊ ည ၆ နာရီခန့်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ ထန်းတစ်ပင်ကျေးရွာနှင့် (၂)ဖာလုံခန့်အကွာရှိ ငှက်ပျော်စိုက်ခင်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကို အလောင်းသယ်ဖို့ တာဝန်ရှိတဲ့သူတွေက ခေါ်လို့သွားရမှတွေ့ခဲ့ရတာ။ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးနေတဲ့သူက ငှက်ပျောပင်ကို ပုဆိုးနဲ့ ချည်ပြီး ဆွဲကြိုးချသေဆုံးနေတာပါ။ စိတ်မနှံ့သူလို့လဲပြောကြတယ်။ အရက်သောက်တာများပြီး လုပ်တာလို့လဲ ပြောကြတယ်”ဟု ဂရုဏာရှင်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၃၇)နှစ်အရွယ်ဖြစ်ကာ ငှက်ပျောခင်းအတွင်း ကြိုးဆွဲချသေဆုံးနေခြင်းကို ၎င်း၏ အစ်ကိုဖြစ်သူမှ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံအမျိုးသား၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း